Stream ကြည့်မရပါက VPN ချိတ်ပြီး ကြည့်ပေးပါ။ VPN ချိတ်ထားလျက် အဆင်မပြေပါက (မနက် ၆:၃၀) တွင် ပြန်ကြည့်ပါ (သို့မဟုတ်) Download ရယူ၍ ကြည့်ရှုနိုင်ပါသည်။


Review

ဒီတစ်ခေါက်မှာတော့ အိန္ဒိယရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသား Prabhu Deva ရဲ့ ၅၀ ကားမြောက် သရုပ်ဆောင်မှုဖြစ်တဲ့ တမီးလ်ရုပ်ရှင်ကားကောင်းတစ်ကားကို မိတ်ဆက်ပေးပါရစေ။ 

ဇာတ်လမ်းအကျဉ်း

ဇာတ်ဆောင် ပွန် မာနီကယ်လ်ဗီ ဟာ သေနတ်ပစ်ကျွမ်းကျင်မှုမှာ ထိပ်တန်းဖြစ်ပြီး နိုင်ငံတကာ လေ့ကျင့်ရေးသင်တန်းကနေ ရွှေတံဆိပ်ဆုရရှိထားတဲ့ ထူးချွန်ထက်မြက်တဲ့ ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ အတိတ်က အမှုတစ်ခုကို စုံစမ်းပြီးတဲ့နောက်မှာ ပွန်ဟာ ရုတ်တရက် ရဲအလုပ်ကနေ နှုတ်ထွက်ပြီး သူ့ရဲ့ဇာတိရွာကို ပြန်၊ နွားကျောင်းရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေပါတော့တယ်။ ပွန်လို ထိပ်တန်းရဲအရာရှိတစ်ဦး ဘာကြောင့် ဒီလိုမျိုး ရုတ်တရက် နှုတ်ထွက်ခဲ့ရတာလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။

တစ်နေ့မှာတော့ နာမည်ကြီး ဗဟိုရုံးက တရားသူကြီးတစ်ဦး ရက်ရက်စက်စက် အသတ်ခံရပြီး သဲလွန်စ လုံးဝမကျန်ခဲ့ပါဘူး။ ဒီအမှုကို စုံစမ်းဖို့အတွက် အထက်ကနေ မာနီကယ်လ်ဗီကို ပြန်လည် တာဝန်ပေးအပ်လိုက်တဲ့အခါ... ရွာမှာ နွားကျောင်း၊ လက်ဖက်ရည်သောက်၊ ဇနီးသည်နဲ့ အချိန်ဖြုန်းနေတဲ့ ပွန်တစ်ယောက်ဟာ အမှုကို အေးအေးဆေးဆေး စုံစမ်းပါတော့တယ်။ သူ့ရဲ့ ပုံစံကြောင့် ကျန်တဲ့အဖွဲ့ဝင်တွေကလည်း သူ့ကို အမြင်မကြည်မလင် ဖြစ်နေကြပါပြီ။

အမှုစုံစမ်းနေရင်းမှာပဲ နာမည်ကြီး စုံထောက်တွေပါ ဆက်တိုက်ဆိုသလို အသတ်ခံနေရတဲ့အခါ…

 * ဒီအမှုတွေရဲ့ လူသတ်တရားခံက ဘယ်သူလဲ။
 * အမှုတစ်ခုနဲ့တစ်ခုရော ဘယ်လိုဆက်စပ်နေတာလဲ။
 * အတိတ်တုန်းက ပွန်ကို ရဲအဖြစ်က နှုတ်ထွက်ပြီး ရွာပြန်နွားကျောင်းရတဲ့အထိ ဖြစ်သွားစေခဲ့တဲ့ အမှုကရော ဘာဖြစ်မလဲ။

ဒီမေးခွန်းတွေရဲ့ အဖြေကို သိဖို့ဆိုရင်တော့ ရုပ်ရှင်ကို စိတ်ဝင်တစား ကြည့်ရှုပေးကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။ ထူးခြားတဲ့ ဇာတ်အိမ်နဲ့ စိတ်လှုပ်ရှားစရာ အလှည့်အပြောင်းတွေနဲ့ ဒီကားက ပရိသတ်တွေကို ဖမ်းစားနိုင်မှာ အမှန်ပါပဲ။


သတိပြုရန်! Link မနှိပ်မီ VPN ချိတ်ထားမှသာ Download ရယူရာတွင် အဆင်ပြေပါလိမ့်မယ်။
အဆင့် (၁) - မိမိ Download ရယူလိုသော 4K / 1080p / 720p ဘေးနားရှိ "Server-01" (သို့မဟုတ်) "Server-02" စာသားကို နှိပ်ပါ။
အဆင့် (၂) - နောက်စာမျက်နှာရောက်လျှင် 7 စက္ကန့်ခန့် စောင့်ပေးပါ။ (ကြော်ငြာဝင်လာလျှင် ပိတ်ပေးပါ)
အဆင့် (၃) - "လင့်ခ် ရပါပြီ!" ဆိုတဲ့ စာသားပေါ်လာရင် အောက်က "ဒေါင်းလုဒ် ရယူရန် နှိပ်ပါ" ခလုတ်အနီရောင်ကို နှိပ်ပြီး ဇာတ်ကားကို ရယူနိုင်ပါပြီ။
မှတ်ချက် - ခလုတ်နှိပ်လိုက်ပြီး ကြော်ငြာ Page သို့ ရောက်သွားပါက Back ပြန်ဆုတ်ပြီး ခလုတ်ကို နောက်တစ်ကြိမ် ထပ်နှိပ်ပေးပါ။

Download Links

No
Server Name
Size
Resolution
1
2.04 GB
2
2.04 GB
3
1.38 GB
4
1.38 GB