
Review
Rotten Tomatoes မှာ ၉၈% အထိ ရရှိထားတဲ့ နာမည်ကြီးစီးရီး "မာဒါဘော့" (Murderbot) ထွက်ရှိလာပါပြီ။
ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ မင်းသားကတော့ "The Legend of Tarzan" ထဲက Alexander Skarsgård ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာတွေကလည်း "Rogue One" နဲ့ "Golden Compass" လိုမျိုး နာမည်ကြီးရုပ်ရှင်တွေရဲ့ ဇာတ်ညွှန်းဆရာတွေဖြစ်တဲ့ Chris Weitz နဲ့ Paul Weitz တို့ပဲ ဖြစ်ပါတယ်။
သိပ္ပံစိတ်ကူးယဉ်၊ ဟာသ၊ အက်ရှင် အမျိုးအစားဖြစ်ပြီး တိုက်ခိုက်ခန်းတွေလည်း ကြမ်းတယ်၊ ဇာတ်လမ်းလည်း မိုက်တယ်၊ ရယ်လည်း ရယ်ရမှာပါ။
ဇာတ်လမ်း အကျဉ်းလေး
စက်အသိဉာဏ်သုံး လုံခြုံရေး စက်ရုပ်တစ်ရုပ်ဟာ သူ့ခေါင်းထဲက ထိန်းချုပ်စက်ကို သူ့ဘာသာ ပြန်ပြီး ဟက်နိုင်သွားလို့ လွတ်လပ်သွားပါတယ်။ သူက လူသားတွေကို စိတ်ကုန်နေပြီဆိုတော့ လုံခြုံရေးလုပ်ပေးဖို့ မလိုချင်တော့ဘူး။ ကုမ္ပဏီက ဇာတ်လမ်းတွဲတွေကိုပဲ ခိုးဒေါင်းပြီး အေးအေးဆေးဆေး ကြည့်နေချင်တာပါ။
ဒါပေမဲ့ သူက ထွက်မပြေးရဲဘူး။ ကုမ္ပဏီက လိုက်ရှာပြီး အရေကြိုခံရမှာ ကြောက်လို့ အရင်လို ဟန်ဆောင်ပြီး အလုပ်လုပ်နေရတယ်။ သူ့ရဲ့ တာဝန်ကတော့ အန္တရာယ်များတဲ့ ဂြိုလ်တစ်ခုပေါ်မှာ လေ့လာရေး သိပ္ပံပညာရှင်အဖွဲ့ကို ဂြိုလ်ကောင်ကြီးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့ပါ။
ဒီတော့ အဖွဲ့သားတွေကြားက ပြဿနာတွေ၊ အန္တရာယ်တွေကြားမှာ သူက အမိန့်မနာခံတော့လည်း ရနေပြီဆိုတာကို သူတို့ မသိအောင် ဟန်ဆောင်ရင်း ဘယ်လို ရုန်းကန်သွားရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ မြင်ရမှာပဲ ဖြစ်ပါတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Download ဆွဲမယ်ဆိုရင် Google Drive,Mediafire ဆိုတဲ့ စာသားကိုနှိပ်ပြီး Download ဆွဲနိုင်ပါတယ်