Stream ကြည့်မရပါက VPN ချိတ်ပြီး ကြည့်ပေးပါ။ VPN ချိတ်ထားလျက် အဆင်မပြေပါက (မနက် ၆:၃၀) တွင် ပြန်ကြည့်ပါ (သို့မဟုတ်) Download ရယူ၍ ကြည့်ရှုနိုင်ပါသည်။


Review

Avatar (2009)

Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ။

ဇာတ်လမ်းအကျဉ်းကတော့...
************************

လူတွေနေတဲ့ကမ္ဘာအပြင်ဘက်က ပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့ မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့ လူနဲ့တူတဲ့ဂြိုလ်သားတွေ နေကြတယ်။ သူတို့တွေမှာ သီးခြားဘာသာစကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင် တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ဖန်တီးထားတယ်။

အဲဒီနာဗီတွေနေတဲ့ဆီမှာ ကမ္ဘာစွမ်းအင်အတွက် လိုအပ်တဲ့ ဓာတ်သတ္ထုတစ်မျိုးက ထွက်တယ်။ ကမ္ဘာစွမ်းအင်လိုအပ်ချက်အတွက် အဲဒီသတ္ထုထုတ်ယူဖို့လိုတယ်။ ဒီတော့ လူသားတွေပီပီ ကြံဆကြိုးစားကြရင်း အမေရိကန်မရင်းတပ်ဖွဲ့ဝင်ဟောင်း (အောက်ပိုင်းမသန်ဖြစ်နေတဲ့ မင်းသား Jake) က အဲဒီနာဗီအဖြစ် အသွင်ပြောင်းရတယ်။ Jake က လူအဖြစ်ကနေ နာဗီဖြစ်နိုင်လို့ Avatar လို့ ဇာတ်ကားနာမည်ပေးတာပဲ။

Jack က နာဗီဖြစ်သွားပြီး နာဗီဘုရင်ကြီးရဲ့သမီးတော် နေတရီနဲ့ ချစ်ကြိုက်သွားရောဆိုပါတော့။ ဒီဘက်က သတ္ထုတွေ လိုချင်တဲ့သူတွေက နာဗီတွေကို အပြတ်ရှင်း၊ နာဗီဒေသမှာရှိတဲ့ သတ္ဌုတွေ ယူဖို့ကြိုးစားကြတယ်။ မင်းသားက လူကနေ ခဏခဏ နာဗီဖြစ်ပြီးတဲ့အခါ ဒီစီမံကိန်းကြီးကိုလုပ်နေတဲ့သူတွေက နာဗီတွေရဲ့ လမ်းကြောင်းတွေ၊ အနေအထားတွေကို အကုန်မှတ်တမ်းယူထားပြီး တစ်ချိန်မှာ သူတို့ တိုက်ခိုက်တော့မယ်လေ။

Jack က နာဗီဖြစ်လာတော့ နာဗီတွေ အေးအေးဆေးဆေးနေတာ၊ သဘာဝတရားနဲ့ အလွမ်းသင့်အောင်နေတာ၊ သစ်ပင်တွေမှာ အသက်ရှိတာ၊ မျိုးပွားတာတွေကို သိလာတယ်။ သဘာဝကြီးဟာ သူ့ဟာသူ သိပ်လှနေတယ်၊ လူတွေ လောဘဇောတက်ကုန်လို့သာ ကမ္ဘာကြီး ပျက်စီးလာတာ၊ အခုလည်း နာဗီတွေကို အပြတ်ရှင်းဖို့လုပ်နေပြီ။

ဒီဇာတ်ကားမှာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ သတိပေးမှုလေးတွေ၊ လူနဲ့သဘာ၀ သဟဇာတဖြစ်မှ ပျော်ရွှင်စရာကမ္ဘာဖြစ်မယ်ဆိုတာကို မီးမောင်းထိုးပြထားပါတယ်။ လူတွေရဲ့ အတောမသတ်တဲ့လောဘနဲ့ ဒေါသ၊ အတ္တ၊ မာနတွေကိုလည်း ပေါ်လွင်အောင် ရိုက်ပြနိုင်လို့ ဒါရိုက်တာကို ချီးကျူးရမှာဖြစ်ပါတယ်။

စက်ရုပ်ကြီးတွေ၊ လက်နက်တွေ၊ ရှုးပျံလိုအကောင်ကြီးတွေနဲ့ ဖိုက်တင်တွေ၊ အဝဲအပျံ၊ အခုတ်အထစ်တွေကို ကလေးကြိုက်၊ လူငယ်ကြိုက် ရိုက်ပြထားပါတယ်။ ဇာတ်ကားမြင်ကွင်းတွေ၊ တွေးဆဆင်ခြင်စရာ ဇာတ်ဝင်စကားတွေကတော့ လူကြီးပရိသတ်အတွက်ပါ ဆင်ခြင်စရာဖြစ်စေမှာပါ။ နောက်ဆုံးတော့ ကောင်းတဲ့လူတွေသာ အောင်ပွဲခံတယ်ဆိုတာကို ပြသသွားတဲ့ ရုပ်ရှင်သမိုင်းဝင် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။


သတိပြုရန်! Link မနှိပ်မီ VPN ချိတ်ထားမှသာ Download ရယူရာတွင် အဆင်ပြေပါလိမ့်မယ်။
အဆင့် (၁) - မိမိ Download ရယူလိုသော 4K / 1080p / 720p ဘေးနားရှိ "Server-01" (သို့မဟုတ်) "Server-02" စာသားကို နှိပ်ပါ။
အဆင့် (၂) - နောက်စာမျက်နှာရောက်လျှင် 7 စက္ကန့်ခန့် စောင့်ပေးပါ။ (ကြော်ငြာဝင်လာလျှင် ပိတ်ပေးပါ)
အဆင့် (၃) - "လင့်ခ် ရပါပြီ!" ဆိုတဲ့ စာသားပေါ်လာရင် အောက်က "ဒေါင်းလုဒ် ရယူရန် နှိပ်ပါ" ခလုတ်အနီရောင်ကို နှိပ်ပြီး ဇာတ်ကားကို ရယူနိုင်ပါပြီ။
မှတ်ချက် - ခလုတ်နှိပ်လိုက်ပြီး ကြော်ငြာ Page သို့ ရောက်သွားပါက Back ပြန်ဆုတ်ပြီး ခလုတ်ကို နောက်တစ်ကြိမ် ထပ်နှိပ်ပေးပါ။

Download Links

No
Server Name
Size
Resolution
1
5.31 GB
2
5.31 GB