Review

ခရစ္စမတ်ကာလ ရောက်ပြီဆိုတာနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းတွေ အစီအရီ ထွက်ပေါ်လာတတ်ပါတယ်။ ဒီတစ်ခါမှာတော့ Netflix ကနေ အသစ်စက်စက် ထွက်ရှိလာတဲ့ ခရစ္စမတ်ရုပ်ရှင်အကြောင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။


ဒီဇာတ်ကားရဲ့ သရုပ်ဆောင်ပိုင်းမှာဆိုရင် Harry Potter Franchise ထဲက Maggie Smith နဲ့ Haunting of Hill House ထဲက Michiel Huisman လို ထိပ်တန်းသရုပ်ဆောင်ကြီးတွေ ပါဝင်ထားတာကို တွေ့ရပါတယ်။ Netflix ရဲ့ လက်ရာဖြစ်တာကြောင့် ထုတ်လုပ်မှုစရိတ်၊ အထူးပြုလုပ်ချက် (Effect) ပိုင်း နဲ့ ဇာတ်လမ်းပိုင်းတွေကလည်း တကယ့် ခရစ္စမတ်ရဲ့ အနှစ်သာရကို အပြည့်အဝ ပုံဖော်ပေးထားပါတယ်။


ဆန်တာကလော့စ်လို့ခေါ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးအကြောင်း ဇာတ်လမ်းတွေ အများကြီး ထွက်ဖူးပေမဲ့ ဒီကားကတော့ ထူးခြားပါတယ်။ ခရစ္စမတ်ဘိုးဘိုးကြီး မဖြစ်လာခင်ဘဝက ခရစ္စမတ်လို့ နာမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းတွေအကြောင်းကို ပုံပြင်သဖွယ် ရိုက်ကူးထားတာပါ။ သူ ဘယ်လိုဆန်တာကလော့စ် ဖြစ်လာလဲဆိုတာကို ပျော်ရွှင်ကြည်နူးဖွယ် ပြသထားတဲ့ မိသားစုဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။

မိသားစုနဲ့အတူ ပိတ်ရက်မှာ အတူတူကြည့်ရှုနိုင်ဖို့ ဒီဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်