Review

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြမယ့် Young Detective Dee ဇာတ်ကားပဲ ဖြစ်ပါတယ်။ Detective Dee ရဲ့ စွန့်စားခန်းတွေကို အရင်က ကြည့်ဖူးတဲ့ ပရိသတ်တွေအတွက်တော့ နှလုံးသားကို ပီတိဖြစ်စေမယ့် ဇာတ်ကားတစ်ကားပါ။ Dee ရဲ့ ထူးခြားတဲ့ ဟန်ပန်တွေ၊ စုံထောက်ဇာတ်လမ်းဆန်ဆန် ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့အတူ ပရိသတ်ကို အံ့အားသင့်စေမယ့် ဇာတ်ကားလို့ ဆိုရပါမယ်။

ဒီဇာတ်ကားကို မကြည့်ဖူးသေးတဲ့ ပရိသတ်တွေအနေနဲ့တော့ အရင်တင်ထားတဲ့ Detective Dee ဇာတ်ကားတွေကို ထွက်ရှိတဲ့ခုနှစ်အလိုက် ကြည့်ရှုဖို့ အကြံပြုချင်ပါတယ်။ ဒီနေရာမှာ တစ်ခု ထူးထူးခြားခြား ပြောစရာရှိတာကတော့ အဓိက ဇာတ်ဆောင်မင်းသား နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုပါပဲ။ ကျွန်တော်တို့ကို Dee ဇာတ်ကောင်နဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့ မင်းသားကြီး Andy Lau ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါပဲ။ ဒါပေမဲ့ Mark Chao ကလည်း Dee ရဲ့ ငယ်ဘဝဇာတ်ရုပ်ကို အင်မတန် ပီပြင်အောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အခု တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Mark Chao ပုံဖော်ထားတဲ့ Dee ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရိုက်ကူးတင်ဆက်ပုံ၊ သရုပ်ဆောင်မှု၊ ဇာတ်လမ်းဇာတ်ကွက်၊ အားလုံးက အရင်ဇာတ်ကားတွေကို တင်းပြည့်ကျပ်ပြည့် မှီတဲ့ ကားကောင်းတစ်ကားပါပဲ။

ဒီဇာတ်လမ်းက တရုတ်ဇွန်ဘီကားလို့တောင် ပြောလို့ရပါတယ်။ လူသေတွေ ရုတ်တရက် ထလာပြီး တွေ့သမျှလူကို လိုက်ကိုက်နေတဲ့ ကြီးမားတဲ့ အမှုတစ်ခု Dee ရဲ့ လက်ထဲကို ရောက်လာတဲ့အကြောင်းပါပဲ။ နိုင်ငံခြား ဇွန်ဘီကားတွေမှာဆိုရင် ဘယ်ကောင်က ဘာကြောင့်၊ ဘယ်နေရာက စတယ်ဆိုတာကို ရေရေရာရာ မသိရဘဲ တစ်ကမ္ဘာလုံး ကာလနာ ရိုက်ခတ်နေတဲ့အခြေအနေကနေ စတတ်ပါတယ်။ ဒါပေမဲ့ ဒီ Detective Dee ဇာတ်ကားကတော့ ဇွန်ဘီတွေ ဘာကြောင့် ဖြစ်ပေါ်လာရတယ်၊ ဘယ်လို အဆုံးသတ်ရတယ်ဆိုတာကို ရေရေရာရာ ဖော်ပြပေးသွားပါတယ်။ ယုတ္တိရှိတာ မရှိတာ အပထားပေါ့။

ဒီဇွန်ဘီတွေက ဧကရာဇ်ဘုရင်မရဲ့ နန်းတော်ဆီအထိတောင် တက်ကိုက်မယ့် အနေအထားမို့ Dee တစ်ယောက် ဘယ်လို ထူးထူးခြားခြား စုံစမ်းဖော်ထုတ်ရတယ်ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြရအောင်လားဗျာ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်