
Review
အိုင်လဒါဆိုတဲ့ ကလေးမလေးဟာ အမြဲလိုလို ရေလွှမ်းမိုးခံထားရတဲ့ မြို့ပျောက်တစ်ခုအကြောင်း အိပ်မက် မက်လေ့ရှိပါတယ်။ ဒီအိပ်မက်တွေနဲ့အတူ သူမ ကြားဖူးတဲ့ သုံးပွင့်ဆိုင် အချစ်ဒဏ္ဍာရီတစ်ခုကလည်း ရှိနေပါတယ်။ အဲ့ဒီဒဏ္ဍာရီထဲမှာ လူသားနဲ့ နဂါးတို့ရဲ့ မပြေလည်တဲ့ အချစ်ဇာတ်လမ်းကြောင့် လူ့ပြည်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
တစ်နေ့မှာတော့ အိုင်လဒါဟာ သူမအိပ်မက်ထဲက အမျိုးသားနဲ့ အံ့သြစရာကောင်းလောက်အောင် တူညီတဲ့ ကိုရာဝစ်ဆိုသူနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒါဟာ သူမကြားဖူးတဲ့ ဖာဒဲန်း-နန်အိုင် ပုံပြင်ထဲကအတိုင်းပါပဲ။
ကိုရာဝစ်ကလည်း နဂါးတွေ့ရှိတယ်လို့ သတင်းရကတည်းက လိုက်လံစုံစမ်းနေသူတစ်ဦးဖြစ်ပြီး သူတို့နှစ်ဦး ဆုံတွေ့ပြီးနောက်ပိုင်းမှာ ဖုံးကွယ်ထားလို့မရတဲ့ အမှန်တရားတွေ ပေါ်ပေါက်လာတော့မလားဆိုတာ ရင်ခုန်စရာပါ။
အိုင်လဒါတစ်ယောက် သူမရဲ့ အတိတ်နဲ့ ဆက်နွယ်မှုတွေကိုရော ဖော်ထုတ်နိုင်မလား။ ပျောက်ဆုံးသွားတဲ့မြို့က မင်းသမီးခမ်ကွန်ရဲ့ ကျိန်စာကရော အသက်ပြန်ဝင်လာမှာလားဆိုတာကိုတော့ “မြို့ပျောက်တစ်ခု၏ ပဲ့တင်သံ” ဇာတ်ကားထဲမှာ ဆက်လက် ရှုစားလိုက်ကြရအောင်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Download ဆွဲမယ်ဆိုရင် Google Drive,Mediafire ဆိုတဲ့ စာသားကိုနှိပ်ပြီး Download ဆွဲနိုင်ပါတယ်
Episode 10
[HD] »»» Google Drive • Mediafire
[SD] »»» Google Drive • Mediafire