Review

ပရိသတ်တို့ရေ၊ အက်ရှင်နဲ့ သည်းထိတ်ရင်ဖိုကြိုက်သူတွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ ထိုင်းဇွန်ဘီးကားအသစ်တစ်ကား ထွက်ရှိလို့လာပါပြီ။ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေရဲ့အချစ်တော် ကိုကို Mark Prin နဲ့ မင်းသမီးချောလေး Nychaa တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားတာမို့ သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုအောင်ကို ကြည့်ရတန်စေမှာပါ။

ဇာတ်လမ်းအကျဉ်း

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကပ်ဘေးတွေ ဆိုက်ရောက်နေတဲ့ခေတ်ကာလမှာ ဒီဇာတ်လမ်းလေးက စတင်ပါတယ်။ ထိုင်းလက်ဝှေ့ကျော် ဆင်း ဟာ သူ့အလုပ်ကနေထွက်ပြီး ချစ်သူ ရင် ရဲ့ဆန္ဒအတိုင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဒေါင်မှာ အခြေချဖို့အတွက် သင်္ဘောလိုက်ပြီး ငွေစုဖို့ဆုံးဖြတ်ပါတယ်။ ရင် ကတော့ ဒီအလုပ်က အန္တရာယ်များတာကြောင့် သဘောမကျလှပါဘူး။

ထိုအချိန်မှာပဲ အသားဆိုတာ ရွှေပေးဝယ်လို့မရနိုင်လောက်အောင် ရှားပါးနေတဲ့ကာလဖြစ်လို့ သူဌေးတစ်သိုက်ဟာ ငါးဟင်းနဲ့ အောင်ပွဲခံနေကြပါတယ်။ ရုတ်တရက်ဆိုသလို ငါးဟင်းစားမိတဲ့သူတစ်ယောက် လဲကျသွားပြီး ရင် တို့ရဲ့ဆေးရုံကို ရောက်ရှိလာပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီငါးဟာ ဇွန်ဘီးဗိုင်းရပ်စ်ကူးစက်ခံထားရတာဖြစ်ပြီး ဆင်းတစ်ယောက် သတိထားမိချိန်မှာတော့ ရင် တို့ဆေးရုံတစ်ရုံလုံး ဇွန်ဘီးတွေ ဖုံးလွှမ်းသွားပါတော့တယ်။

ထိုင်းနိုင်ငံရဲ့နာမည်ကျော် မွေထိုင်းလက်ဝှေ့အစွမ်းကိုပိုင်ဆိုင်ထားတဲ့ ဆင်းတစ်ယောက် ဇွန်ဘီးတွေကို ဘယ်လိုတွန်းလှန်ပြီး သူ့ရဲ့ချစ်သူကို ကယ်တင်မလဲဆိုတာကို ဒီရုပ်ရှင်မှာ စိတ်လှုပ်ရှားစွာနဲ့ ရှုစားရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားက Action, Horror, Romance အမျိုးအစားတွေကို ပေါင်းစပ်ထားတာမို့ ပရိသတ်တွေ စိတ်ကျေနပ်မှုရရှိမှာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်း၊ ပရိသတ်အချစ်တော် သရုပ်ဆောင်တွေနဲ့ဆိုတော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (1080p) 1.9 GB Download ဆွဲရန်နှိပ်ပါ
mediafire (720p) 840 MB Download ဆွဲရန်နှိပ်ပါ
Google Drive (1080p) 1.9 GB Download ဆွဲရန်နှိပ်ပါ
Google Drive (720p) 840 MB Download ဆွဲရန်နှိပ်ပါ