Review

၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကာလအတွင်း ရုပ်ရှင်ဇာတ်ကားများ ရှားပါးနေချိန်တွင် ပရိသတ်အချစ်တော် အာက္ရှေးကူးမား (Akshay Kumar) မှ ပါဝင်သရုပ်ဆောင်ထားသည့် Laxmii ရုပ်ရှင်သည် ထွက်ရှိလာခဲ့သည်။ အာက္ရှေးကူးမားကို လွမ်းဆွတ်နေကြသော ပရိသတ်များအတွက် အားရစရာ ရုပ်ရှင်တစ်ကားဖြစ်ခဲ့သည်မှာ သေချာပါသည်။

ဇာတ်လမ်းအကျဉ်း

Laxmii သည် ယခင်က မြန်မာပရိသတ်များ တာတေကြီး ဟုသိကြသော Kanchana ရုပ်ရှင်၏ ပြန်လည်ရိုက်ကူးထားခြင်း (Remake) ဖြစ်သောကြောင့် ဇာတ်လမ်းအကြောင်းအရာကို အထွေအထူး ပြောပြရန် မလိုအပ်ဟု ထင်မြင်မိပါသည်။ သို့သော် မူရင်းဇာတ်ကားကို မကြည့်ဖူးသေးသူများအတွက် ခြုံငုံပြောရလျှင် ၎င်းသည် သရဲ သို့မဟုတ် တစ္ဆေမကြောက်တတ်သူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကြေကွဲဖွယ်ရာ ကွယ်လွန်ခဲ့သူတစ်ဦး၏ ဝိညာဉ်ဝင်ရောက်ပူးကပ်သည့် ဇာတ်လမ်းဖြစ်သည်။


ဝင်ရောက်ပူးကပ်သော ဝိညာဉ်၏ နောက်ကြောင်းရာဇဝင်၊ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးများအပေါ် သူ၏ တုံ့ပြန်မှုများနှင့် ကရုဏာစိတ်တို့က ကြည့်ရှုသူတိုင်းကို စာနာစိတ်ဖြစ်ပေါ်စေမည်မှာ အမှန်ပင်။ ထိုဝိညာဉ်သည် အခြားခန္ဓာကိုယ်တစ်ခုကို အသုံးပြု၍ မည်သည့်အရာများကို လုပ်ဆောင်ရန် ဆုံးဖြတ်မည်လဲ၊ မည်သို့သော အကြံအစည်များဖြင့် ရှေ့ဆက်မည်လဲဆိုသည်ကို ဟာသနှောကာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမည်ဖြစ်သည်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (HD) 1.3 GB Download ဆွဲရန်နှိပ်ပါ
Google Drive (HD) 1.3 GB Download ဆွဲရန်နှိပ်ပါ
pcloud (HD) 1.3 GB Download ဆွဲရန်နှိပ်ပါ