
Review
ဒီတစ်ခါမှာတော့ မင်းသားကြီး Ananda Everingham ရဲ့ Romance Drama ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဆိုရှယ်မီဒီယာကနေ စတင်ခဲ့တဲ့ ခေတ်သစ်အချစ်ဇာတ်လမ်းတစ်ခုအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာခေတ် ရောက်လာတာနဲ့အမျှ လူတွေကြားက ဆက်ဆံရေးတွေ ပိုမိုနီးစပ်လာသလို၊ တစ်ဖက်မှာလည်း အွန်လိုင်းပေါ်က Fake ID တွေနဲ့ အတုအယောင် ပတ်သက်မှုတွေ တစ်နေ့တခြား များပြားလာပါတယ်။ ဒီလိုပဲ Online Relationship တွေနဲ့အတူ ခဏတာ ပျော်ရွှင်ဖို့၊ ရမ္မက်ဖြေရှင်းဖို့ သက်သက် ပတ်သက်မှုတွေကလည်း မှိုလိုပေါက်လာပါတယ်။
ဒီလို ဆိုရှယ်မီဒီယာပေါ်က ဘဝကို ပျော်မွေ့နေသူကတော့ "နွမ်" ဆိုတဲ့ အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်ပါ။ အပြင်လောကမှာ အလုပ်ကြိုးစားပြီး တည်ငြိမ်သူလို့ ထင်ရတဲ့ နွမ်ဟာ အွန်လိုင်းလောကမှာတော့ "နွန်" ဆိုတဲ့ နာမည်နဲ့ မိန်းကလေးတွေနဲ့ တရုန်းရုန်း ပျော်ပါးနေတဲ့ "မောင်ပြုံး" တစ်ယောက်ပါပဲ။ သူ့အတွက်ကတော့ တည်ငြိမ်အေးဆေးတဲ့ ဆက်ဆံရေးတစ်ခုထက် အပျင်းပြေရုံ၊ ရမ္မက်ဖြေရုံ ခဏတာ ဆက်ဆံရေးတွေက ပိုပြီး ပျော်စရာကောင်းနေခဲ့တာပါ။
ဒီလိုနဲ့ တစ်နေ့မှာ ဆိုရှယ်မီဒီယာပေါ်က သူ့ရဲ့ Post တစ်ခုမှာ Comment လာရေးတဲ့ "ဒီးယား" ဆိုတဲ့ ကောင်မလေးကို နွမ်တစ်ယောက် သဘောကျမိသွားပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်မမေးကြေးဆိုတဲ့ သဘောတူညီချက်နဲ့ တွဲဖို့ ဆုံးဖြတ်ခဲ့ကြပြီးနောက် နွမ်ဘက်က ခံစားချက်တွေ ပိုမိုနက်ရှိုင်းလာတဲ့အခါမှာတော့... နွမ်တစ်ယောက် သူ့ရဲ့ ကိုယ်စကားနဲ့ကိုယ် ဘယ်လိုတွေ တိုင်ပတ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (1080p) | 2 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (720p) | 677 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (1080p) | 2 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (720p) | 677 MB | Download ဆွဲရန်နှိပ်ပါ |
pcloud (1080p) | 2 GB | Download ဆွဲရန်နှိပ်ပါ |
pcloud (720p) | 677 MB | Download ဆွဲရန်နှိပ်ပါ |