
Review
သိုင်းကားကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်သစ်လေးတွေဟာ ချောမောလှပရုံသာမက သိုင်းပညာမှာလည်း ထူးချွန်ထက်မြက်ကြပါတယ်။
ဇာတ်ကားထဲမှာဆိုရင် ဖိုက်တင်ခန်းတွေကို အကောင်းဆုံး ရိုက်ကူးပုံဖော်ထားသလို ကြည့်ရှုသူကို ငြီးငွေ့မသွားစေဖို့ ဟာသအပိုင်းလေးတွေနဲ့ တင်ဆက်ထားတာ တွေ့ရမှာပါ။ ဒါ့အပြင် သိုင်းဆရာလေးတွေရဲ့ လှပတဲ့ အကအလှတွေကိုလည်း ခံစားနိုင်ဦးမှာပါ။
ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် သိုင်းလောကမှာ လူတစ်ပိုင်း မြွေတစ်ပိုင်းပုံစံ မြွေမိစ္ဆာတွေ ပေါ်ပေါက်လာပြီး လူတွေ အကြောင်းမဲ့ ပျောက်ဆုံးသေဆုံးနေကြပါတယ်။ ဒီအကြောင်းတွေကို ဘာမှမသိတဲ့ အေးအေးလူလူနေတတ်တဲ့ မော်မန်ဂိုဏ်းက လျန်ယာချင်းဆိုတဲ့ မိန်းကလေးဟာ တစ်နေ့မှာ ဆရာ့ရဲ့ မှာစာကို သွားပို့ဖို့ ဂိုဏ်းပြင်ပကို ထွက်လာခဲ့ပါတယ်။ တောင်အောက်ကို ဆင်းလာချိန်မှာတော့ သူတစ်ပါးရဲ့ အထင်လွဲမှားမှုတွေကို ခံရပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။
လျန်ယာချင်းနဲ့ မြွေမိစ္ဆာတွေ ဘယ်လို ဆက်စပ်နေတာလဲ။ ဘာကြောင့် အထင်လွဲခံရတာလဲ။ တကယ်တော့ မြွေမိစ္ဆာတွေဆိုတာ ဘာတွေလဲ။ သူတို့ဟာ တကယ်ပဲ မိစ္ဆာတွေ ဟုတ်ရဲ့လား။ နောက်ဆုံးမှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါတော့နော်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 621 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 621 MB | Download ဆွဲရန်နှိပ်ပါ |
pcloud (HD) | 621 MB | Download ဆွဲရန်နှိပ်ပါ |