
Review
ဇာတ်လမ်းအကျဉ်း
ဟာရီဆော့တိုင်းပြည် တွင် ဘိုးဘိုးဘုရင်ကြီးနှင့်အတူ သားတော်နှစ်ပါး၊ မြေးတော်သုံးပါး ရှိသည်။ ၎င်းတို့မှာ ပထမမြေးမ ကိတ်၊ ဒုတိယမြေးမလေး အဲလစ် နှင့် မြေးအငယ်ဆုံးလေး အာလန် တို့ ဖြစ်သည်။
ဘုရင်ကြီးမှ ဒုတိယမြေးတော် အဲလစ်ကို အိမ်ရှေ့စံရာထူး ခန့်အပ်လိုက်ချိန်တွင် မကျေနပ်သူများနှင့် အဲလစ်အား ထီးနန်းနှင့် မထိုက်တန်ဟု ယူဆသူများက သူမ၏ အသက်အန္တရာယ်ကို ထိခိုက်အောင် ကြံစည်ကြတော့သည်။
လူတို့သည် ကံကြမ္မာကို ရှောင်လွှဲနိုင်စွမ်းမရှိသကဲ့သို့ ဖူးစာပါလာပါကလည်း မလွဲမသွေ တွေ့ဆုံကြရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော မင်းသမီးအဲလစ်ကို ထိုင်းနိုင်ငံမှ ဗိုလ်မှူးလေး ဒါဝင် က ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်လာသောအခါ အိမ်ရှေ့စံတော်ဝင်မင်းသမီးလေးနှင့် သူမ၏ ကိုယ်ရံတော်တပ်မှူးလေးတို့အကြား ချစ်ခြင်းမေတ္တာ ဇာတ်လမ်းလေးတစ်ပုဒ် ပေါက်ဖွားလာပါတော့သည်။
မင်းသမီး၏ အသက်အန္တရာယ်ကို ကာကွယ်ပေးရသည့် စွန့်စားခန်းများအပြင်၊ မင်းသမီးလေး၏ တိုင်းပြည်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရပုံများကို ချစ်ခြင်းမေတ္တာနှင့်အတူ စီးမျောခံစားနိုင်ရန် ဤဇာတ်လမ်းကောင်းလေးကို တင်ဆက်လိုက်ရပါသည်။
#ရွှေမင်းသမီးလေးရဲ့ကိုယ်ရံတော်
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Download ဆွဲမယ်ဆိုရင် Google Drive,Mediafire ဆိုတဲ့ စာသားကိုနှိပ်ပြီး Download ဆွဲနိုင်ပါတယ်