
Review
အခုလို ဆောင်းရာသီလေးမှာ ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းကားကောင်းလေးတစ်ကားကြည့်ဖို့ စိတ်ကူးရှိတယ်ဆိုရင် လောလောလတ်လတ်ထွက်ရှိထားတဲ့ Even Mice Belong In Heaven ဆိုတဲ့ ကာတွန်းကားလေးကို ညွှန်းလိုက်ပါရစေ။
ထူးထူးခြားခြားအနေနဲ့ ဒီကားလေးကို ရုပ်သေရုပ်ဆက်ရိုက်ချက်(stop motion technique)နဲ့ ရိုက်ကူးထားတဲ့အတွက် ကြည့်ရတာဆန်းနေပါလိမ့်မယ်။
ဒီကားလေးမှာ ရဲစွမ်းသတ္တိရှိရမယ် ရှိတယ်လို့ အထင်ရောက်နေတဲ့ ကြွက်ကလေးတစ်ကောင်နဲ့ ဘုမသိဘမသိ ကောင်းကင်ဘုံကို ရောက်သွားရရှာတဲ့ မြေခွေးတစ်ကောင်ရဲ့ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။
ကြွက်မလေးဟာ ရဲစွမ်းသတ္တိရှိတယ်လို့ ပြချင်တာနဲ့ပဲ မြေခွေးရဲ့ အမွှေးသွားဆွဲနှုတ်ရာကနေ ၂ ကောင်လုံး ကားတိုက်ခံရပြီး ကောင်းကင်ဘုံ ရောက်သွားကြတယ်။
ကောင်းကင်ဘုံရောက်ရောက်ချင်း ရေချိုးရမယ်ဆိုတော့ ဘယ်လောက်ပဲ ရဲစွမ်းသတ္တိရှိတယ်ပြောပြော ရေအသေကြောက်ကြတဲ့ ၂ ကောင်လုံးဟာ ကောင်းကင်ဘုံမှာ ပေါက်ကရတွေစဖြစ်ပါတော့တယ်။
မရောက်ဖူးတဲ့နေရာကလည်းဖြစ် ကြောက်ကလည်းကြောက်၊ မတည့်ကလည်းမတည့်နဲ့ ၂ ကောင်ပေါင်းလောင်းကျော်ပြီး သံယောဇဉ်တွေဖြစ်လာ၊ အခက်အခဲတွေ အတူတူဖြတ်ကျော်ပြီး နောက်ဘဝဆိုတာကို ဘယ်လိုတွေ အတူတူကူးဖြတ်ကြမလဲဆိုတာကို ကြည့်ရှုကြပါဦးလို့…။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (1080p) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (720p) | 556 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (1080p) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (720p) | 556 MB | Download ဆွဲရန်နှိပ်ပါ |