Review

မိသားစုလိုက် ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့ကောင်းတဲ့ Horror-comedy animation လေးတစ်ကားပါ။ ဇာတ်လမ်းကတော့ တိရစ္ဆာန်ရုံတစ်ခုလုံးကို ဖုတ်ကောင်လို သတ္တဝါတွေ ရုတ်တရက် ကူးစက်ပျံ့နှံ့သွားတာကို ဝံပုလွေမလေး Gracie နဲ့ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေ ပေါင်းပြီး ဘယ်လိုကာကွယ်တားဆီးကြလဲဆိုတာကို Zombie Apocalypse ပုံစံလေး ရိုက်ပြထားပါတယ်။

ဒီထဲက အဓိက ဇာတ်ကောင်ဖြစ်တဲ့ တောင်ခြင်္သေ့ကြီး နေရာမှာဆိုရင်လည်း Stranger Things ထဲက Jim Hopper နေရာက သရုပ်ဆောင်တဲ့ David Harbour က အသံနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။ ကြည့်ရတာလည်း ပျော်စရာကောင်းပြီး ဝေဖန်ချက်ကောင်းတွေလည်း ရရှိထားတာကြောင့် ကလေးတွေနဲ့ မိသားစုအတူတူ ကြည့်ရှုမယ်ဆိုရင် တော်တော်လေး အဆင်ပြေတဲ့ ကာတွန်းကားလေးတစ်ကား ဖြစ်ပါတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (1080p) 1.6 GB Download ဆွဲရန်နှိပ်ပါ
mediafire (720p) 878 MB Download ဆွဲရန်နှိပ်ပါ
Google Drive (1080p) 1.6 GB Download ဆွဲရန်နှိပ်ပါ
Google Drive (720p) 878 MB Download ဆွဲရန်နှိပ်ပါ
pcloud (1080p) 1.6 GB Download ဆွဲရန်နှိပ်ပါ
pcloud (720p) 878 MB Download ဆွဲရန်နှိပ်ပါ