
Review
ချလေယာ လို့ခေါ်တဲ့ လယ်သမားကြီးတစ်ဦးဟာ သူ့ရဲ့တစ်ဦးတည်းသောသားကို မြတ်နိုးတန်ဖိုးထားလွန်းသူပါ။ သားကို အရမ်းချစ်သလောက် အလိုလည်း လိုက်ခဲ့တယ်။ ဘယ်သူ့ကိုမှ သူ့သားကို အလုပ်မခိုင်းစေချင်ဘူး။ ခိုင်းမိတဲ့သူတိုင်းကိုလည်း ရန်တွေ့လေ့ရှိတယ်။ ဖခင်ဖြစ်သူ ချလေယာက သားကို အထိမခံသလို၊ သားဖြစ်သူကလည်း ဖခင်ကို အလေးအမြတ်ထား၊ ကာကွယ်တတ်သူပါ။
ချလေယာရဲ့ နှုတ်ဖျားက မကြာခဏ ထွက်ပေါ်လာတတ်တဲ့ စကားတစ်ခွန်းရှိပါတယ်။ "ငါက ဘုရင်မဟုတ်ပေမဲ့ ငါ့သားကိုတော့ မင်းသားလေးလိုပဲ ထားမယ်" တဲ့။
တစ်နေ့မှာတော့ သားဖြစ်သူက အလုပ်လုပ်ချင်ကြောင်း ပြောလာတဲ့အခါ ချလေယာဟာ "ငါ့သား သူများဆီသွားလုပ်စရာမလိုဘူး၊ သူများတွေကိုပဲ လက်ညှိုးထိုးခိုင်းရမယ်" လို့ ကြွေးကြော်လိုက်တယ်။ ပြီးတာနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ပေါင်နှံပြီး ငွေအမြောက်အမြား ချေးယူလိုက်ပါတော့တယ်။
အဲဒီနောက်မှာတော့ လယ်အတွက် ရေတွင်းတူးတဲ့အခါ ရေကထွက်မလာဘဲ ချလေယာတစ်ယောက် စိတ်ဓာတ်အကြီးအကျယ် ကျဆင်းသွားပါတော့တယ်။ ဖခင်ရဲ့ စိတ်ဓာတ်ကျနေတဲ့ပုံကို မကြည့်ရက်တဲ့ သားဖြစ်သူဟာ အလုပ်တစ်ခုခု ရှာဖွေလုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သားဖြစ်သူဟာ ငွေဖြူငွေမဲ အလဲအလှယ်လုပ်တဲ့ မှောင်ခိုနယ်ပယ်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ချစ်ရတဲ့သားကို ဒီအန္တရာယ်များတဲ့ လောကကနေ ဖခင်ချလေယာတစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့ ဆက်လက် ရှုစားလိုက်ကြပါဦး။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (1080p) | 3.3 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (720p) | 1.7 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (1080p) | 3.3 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (720p) | 1.7 GB | Download ဆွဲရန်နှိပ်ပါ |