Review

Dala qasqiri (2024)

ဒီကားနာမည်က သိဒ္ဓတ္ထဝတ္တုကိုရေးခဲ့တဲ့ ဂျာမန်စာရေးဆရာကြီး ဟားမန်းဟက်ဆီရဲ့ Steppenwolfဆိုတဲ့ ဝတ္တုနာမည်ကိုပဲ ပေးထားတာ။ ဒါပေမဲ့ အဲဒီဝတ္တုရဲ့ ဇာတ်လမ်းကို ယူထားတာတော့မဟုတ်ဘူး။ 

ဇာတ်လမ်းရဲ့အစမှာ Steppenwolfထဲက ဇာတ်ကောင်ရဲ့ ကိုယ့်ကိုယ်ကိုယ်ကရော လူ့ဘောင်ကရော လွတ်မြောက်မှုကို ထင်ဟပ်စေတဲ့ စကားကို ယူသုံးထားတယ်။ အဲဒီစကားက ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် အမျိုးသမီးကိုရော အမျိုးသားကိုရော ထင်ဟပ်နေတယ်။ " လူ့ဘောင်ကြီးရဲ့ ရည်ရွယ်ချက်ကိုလည်း ငါနားမလည်နိုင်သလို လူတွေသာယာနေကြတဲ့ ပျော်စရာတွေဆိုတာကိုလည်း ငါမခံစားတတ်တဲ့နောက် ငါက တစ်ကိုယ်တည်းသမား ဧကစာရီကျင့်ကြံသူ ဖြစ်လာရတော့တာပေါ့"ဟားမန်းဟက်ဆီရဲ့ ဟန်အတိုင်း လွတ်မြောက်မှုအစစ်ဆိုတာကို သရုပ်ဖော်ထားတဲ့ စာသားပါပဲ။

ဒီကားက မငြိမ်သက်တဲ့ တိုင်းပြည်တစ်ခုရဲ့ ရိုက်ခတ်မှုကြားက အဖော်မဲ့သွားတဲ့ လူ၂ယောက်ရဲ့ ဖြစ်စဉ်ကို ရက်စက်မှုတွေ တစ်သီတစ်သန်းနဲ့ သရုပ်ဖော်ထားတဲ့ ကား။ မသိရင် အက်ရှင်ကားလို့ ထင်ရအောင်ကို ပစ်ခတ် သတ်ဖြတ်တာလည်း သိပ်များတယ်။ ဥပဒေမဲ့နေတဲ့ နိုင်ငံမှာ ဖြစ်ချင်တိုင်း ဖြစ်ချင်နေတဲ့ အခြေအနေတွေကြားက လူတွေကို သရုပ်ဖော်ထားတယ်ပေါ့။

အောက်ကစာတွေကတော့ ဆောင်းပါးတစ်ခုမှာ ဒီကားအကြောင်းရေးထားတာလေးက သဘောကျစရာတော့ ကောင်းလို့ ထုတ်နုတ် ဘာသာပြန်ပေးလိုက်တာပါ။စစ်ပွဲတွေက ဘယ်တော့မှ မပြောင်းလဲဘူး။ စစ်ပွဲဒဏ်ခံရတဲ့လူတွေပဲ ပြောင်းလဲကုန်ကြတာပါပဲ။ ဒီရုပ်ရှင် ဇာတ်အိမ်တည်ရာ Kazakhstan နိုင်ငံဆိုတဲ့နာမည်က Boratကားနဲ့ ရုပ်ရှင်သမားတွေ အားလုံးသိကြတဲ့ နိုင်ငံပါပဲ။ 

ဒါပေမဲ့ Kazakhstanရုပ်ရှင်တွေကတော့ ကမ္ဘာကို သိပ်ပျံ့နှံ့ပုံမရဘူး။ဒီနိုင်ငံက ကမ္ဘာပေါ်မှာ နဝမမြောက်အကြီးဆုံးနိုင်ငံဆိုတော့ ဒီလိုဖြစ်နေတာ ဆန်းတော့ဆန်းသား။ တစ်ခါတလေကျ တစ်ကမ္ဘာလုံး နိုင်ငံတစ်ခုနာမည်ကို ရင်းနှီးသွားဖို့ ရုပ်ရှင်တစ်ကားပဲလိုတယ်။ Steppenwolfက ဒီနိုင်ငံရဲ့ ရုပ်ရှင်လောကကို ရုပ်ရှင်ပရိသတ်တွေ အာရုံစိုက်မိစေမယ့် ရုပ်ရှင်ပါပဲ။

Steppenwolfဟာ ကျွန်တော်တို့ စိတ်ကိုချမ်းမြေ့စေမယ့် ရုပ်ရှင်တစ်ကားတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကမ္ဘာကြီးကို ပိုသိဖို့ ကျွန်တော်တို့ကြည့်ဖို့လိုတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ခံစားချက်တွေစိုပြေစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ဖို့တော့ တော်တော်အလှမ်းဝေးတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (1080p) 1.7 GB Download ဆွဲရန်နှိပ်ပါ
mediafire (720p) 685 MB Download ဆွဲရန်နှိပ်ပါ
Google Drive (1080p) 1.7 GB Download ဆွဲရန်နှိပ်ပါ
Google Drive (720p) 685 MB Download ဆွဲရန်နှိပ်ပါ