
Review
လူတွေက မိခင်ရဲ့ ဝမ်းဗိုက်ထဲကစလို့ ဆုံးပါးသည်အချိန်ထိ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အစဉ်မပြတ် ဆောင်ရွက်နေရတာပါ။
နေ့စဉ်နဲ့အမျှ အသက်ရှူသွင်းတယ်၊ ရှူထုတ်တယ်၊
အစာစားတယ်၊ ဝမ်းသွားတယ်။ ဒါတွေက သတ္တဝါတိုင်း လုပ်တဲ့ အခြေခံဖြစ်စဉ်တွေပါ။
ဗုဒ္ဓဘုရားဟောကြားခဲ့သလို ခန္ဓာကိုယ်ကြီးကို ကလပ်စည်းပေါင်း အသင်္ချေနဲ့ ဖွဲ့စည်းသလို၊
သိပ္ပံရှုထောင့်က ကြည့်မယ်ဆိုလည်း မိုက်ခရိုစကုပ်နဲ့မှ မြင်နိုင်မယ့် ဆဲလ်ပေါင်း ၃၇ထရီလီယံခန့်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
**************
ဒီဇာတ်ကားလေးထဲမှာတော့ ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်ကို အဓိက ဇာတ်ကောင်အနေနဲ့တွေ့ရမှာဖြစ်ပြီး…
ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အမျိုးအစားပေါင်းများစွာနေရာမှာ လူတွေအဖြစ် စိတ်ကူးယဉ်
ရိုက်ကူးထားပြီးတော့ …
ဗဟုသုတနဲ့ ရိုမန်တစ်အနည်းငယ် ပေါင်းစည်းထားတဲ့
ထူးခြားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်…
သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်တို့ရဲ့ နေ့စဉ်လုပ်ငန်းတွေအပေါ်အခြေခံပြီး ကိုယ်ခန္ဓာထဲကို
ဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို ဘယ်လိုတိုက်ဖျက်သလဲဆိုတာ…
ဆဲလ်တွေရဲ့ စစ်ဆင်ရေးတွေကို ဟာသနှောပြီး စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်…
ဒဏ်ရာတစ်ခုခု ရတဲ့အချိန် သွေးခဲစေတဲ့ ဆဲလ်လေးတွေထွက်လာတဲ့နေရာမှာ ကလေးငယ်လေးတွေအဖြစ် ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူတွေအတွက်
ချစ်စရာကောင်းတဲ့အပြင် ပညာရသများစွာရရှိစေနိုင်တယ်။
စားသောက်လိုက်တဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ…
သောက်လိုက်တဲ့ အရက်တွေ…
ဒါတွေ အားလုံးက ခန္ဓာကိုယ်ပိုင်ရှင်အနေနဲ့ အစပိုင်းမှာ ထိခိုက်မှုမရှိပေမဲ့…
အတွင်းပိုင်းအင်္ဂါနဲ့ ဆဲလ်လေးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ….
ကွက်ကွက်ကွင်းကွင်းမြင်ရမှာမို့လို့ ကိုယ့်ခန္ဓာကိုယ်ထဲကို ထည့်သွင်းတဲ့အရာမှန်သမျှကို ထိန်းချုပ်ရမယ်ဆိုတာ သံဝေဂရစေမှာပါ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (1080p) | 1.6 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (720p) | 847 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (1080p) | 1.6 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (720p) | 847 MB | Download ဆွဲရန်နှိပ်ပါ |