
Review
ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့ The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ်
ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်
ရန်ကော်အဖြစ် Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာ
အခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Version
အဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာ သိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာ ဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ်
ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့ အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကို မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။
အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့ ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။
ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့်
ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့် ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့ တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ်
ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့
တင်ဆက်မလဲ…
ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ……။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (1080p) | 1.3 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (720p) | 751 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (1080p) | 1.3 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (720p) | 751 MB | Download ဆွဲရန်နှိပ်ပါ |