
Review
ဒီတစ်ခေါက်မှာတော့ ပရိသတ်များအတွက် Animationကားကောင်းလေးတစ်ကား တင်ဆက်ပေးမှာပဲဖြစ်ပါတယ်…
Mina ဆိုတဲ့ မင်းသမီးလေးတစ်ပါးဟာ ဆတ်ဆတ်ကြဲမဟုတ်မခံသူလေးဖြစ်ပါတယ် မင်းသမီးလေးဟာ အရွယ်ရောက်လို့ ကြင်ယာတော်နဲ့ လက်ဆက်ဖို့အချိန်ကျရောက်လာတဲ့အခါမှာတော့ ခမည်းတော်ဘုရင်ကြီးဟာ နေရာချထာားပေးဖို့ စီစဉ်ခဲ့ပါတယ်…
သို့သော်လည်း မင်းသမီးလေးဟာ သူချစ်ရသူ စာဂျပိုးလေး Ronan ကိုလက်ထပ်ဖို့ဆုံးဖြတ်ထားတာကြောင့် ဘုရင်ကြီးဆီကို တောင်းဆိုဖို့ဖြစ်လာရပါတော့တယ်..
တစ်ချိန်တည်းမှာပဲ လက်မထပ်ရသေးသူ မင်းသမီးများကို လုယူဖမ်းဆီးခေါ်ဆောင်လေ့ရှိသော မှော်ဆရာကြီး Kezabor ပုံပြင်ဟာလည်းနာမည်ကြီးလို့နေပါတယ် မှော်ဆရာကြီး Kezabor ဟာ သတို့သမီးတွေကိုဖမ်းယူကာ ၎င်းရဲ့ရဲတိုက်ကြီးဆီ ခေါ်ဆောင်သွားလေ့ရှိပြီး သူနဲ့အတူနေထိုင်ဖို့ကို အတင်းဖိအားပေးသူဖြစ်ပါတယ်…
ကမ္ဘာအရပ်ရပ် သတို့သမီးပေါင်းများစွာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော်လည်းပြန်လွတ်လာသူမရှိ၊ ကယ်တင်ဖို့ သွားရောက်ကြသူ စစ်သည်တော်ရဲမက်များလည်း Kezabor ၏ရဲတိုက်ဆီသို့ရောက်အောင်မသွားနိုင်ကြဘဲရဲတိုက်သို့ဝင်ရောက်ရာ တောင်ကြားလမ်းဝတွင်သာ ဘဝဆုံးကြရပါတယ်..
ထိုသို့သော အဖြစ်အပျက်ဟာ အသစ်စက်စက်သတို့သမီးလေး Minaအပေါ်ကိုလည်းဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာရာ လက်ထပ်ပွဲပျက်စီးသွားပြီး ဝင်ရောက်အရွေးခံသူ ကြင်ယာတော်လောင်းလျာများအဖို့ ဒုတိယအခွင့်အရေးထပ်မံရရှိခဲ့ပြန်ပါတယ်…
ဘုရင်ကြီးဟာ သူ့သမီးတော် Mina ကို ကယ်တင်နိုင်သူထံ သမီးတော်နဲ့တကွနိုင်ငံကိုပါ အပ်နှင်းမည်ဟု ကျေညာလိုက်ပြီးနောက်မှာတော့ ကြင်ယာတော်လောင်းလျာများ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့နေရာမှာ ဖမ်းဆီးခံထားရတဲ့မင်းသမီးလေးကို ရှာဖွေကယ်တင်ဖို့လုပ်ရပါတော့တယ်..
ကြင်ယာတော်လောင်းလျာများဟာ များသောအားဖြင့် ခွန်အားအရာကြီးမားသူတွေဖြစ်သော်လည်း မင်းသမီးလေးရဲ့ ချစ်သူကတော့ စာဂျပိုးလေးသာဖြစ်နေကာအတိုက်အခိုက်လည်းမရဘဲ မင်းသမီးလေးကို ရှာဖွေဖို့အရေး မျှော်လင့်ချက်မဲ့ကာ တွန့်ဆုတ်နေရချိန်မှာတော့…
ဒီဇာတ်ကားလေးမှာဆိုရင် အဓိကဇာတ်ကောင်မင်းသမီး Mina ဟာအနုအရွဖြစ်မနေဘဲ ရဲရင့်တဲ့အသွင်နဲ့ ဖျတ်ဖျတ်လတ်လတ်ရှိနေတာကိုသဘောကျဖွယ်မြင်တွေ့ရမှာဖြစ်ပြီး ချစ်စရာ အရောင်အသွေးစုံ ယဉ်ကျေးမှုနောက်ခံအစုံ စိတ်နေစိတ်ထားအစုံ ဇာတ်ကောင်လေးများကိုမြူးမြူးကြွကြွကြည့်ရှုခံစားရမှာဖြစ်လို့ Animation ကားချစ်သူ ကာတွန်းကားချစ်သူ
ပရိသတ်များ လက်မလွတ်ရစေဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ……
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (1080p) | 2.1 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (720p) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (1080p) | 2.1 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (720p) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |