
Review
အသစ်ထွက်ရှိလာတဲ့ ဝါရင့်သရုပ်ဆောင် ဗီဂျေးစည်သူပတီ ပါ၀င်ထားတဲ့ တမီးလ်အက်ရှင်ကားလေးကိုတင်ဆက်လိုက်ပါတယ်…
IMDb (8.5/10) နဲ့ Rotten Tomatoes (100%) ထိရရှိထားတာကြောင့် ရှယ်မိုက်တဲ့ တောင်ပိုင်းအက်ရှင်ကားတစ်ကားပါပဲ။ဇာတ်လမ်းကတော့…
အိန္ဒိယတောင်ပိုင်းမှာ 1980 ခုနှစ်ကာလများဆီက စတင်ဖွဲ့စည်းခဲ့တဲ့ အစိုးရကိုဆန့်ကျင်တဲ့ တမီးလ်ပျောက်ကျားတပ်ဖွဲ့ တစ်ခုရှိခဲ့ပါတယ်၊အစိုးရက တမီးလ်ပြည်သူတွေကန့်ကွက်နေတဲ့ကြားက တောင်တန်းဒေသတစ်ခုမှာ မိုင်းတွင်းတူးဖို့ခွင့်ပြုမိန့်ပေးလိုက်ရာကနေ အဲ့ဒီဒေသမှာပဋိပက္ခတွေစတင်လာခဲ့ပြီး အခြေအနေတွေတင်းမာလာခဲ့တယ်။
ဒါကို အစိုးရဘက်က မိုင်းတွင်းလုံခြုံရေးဆိုပြီး အထူးရဲတပ်ဖွဲ့တစ်ခုကိုပါ ထပ်မံအင်အားဖြည့်တင်းလိုက်ပေမယ့် ဒီအဖွဲ့ရဲ့မသမာမှုတွေကြောင့် ဒေသခံရွာသူရွာသားတွေနဲ့ပဋိပက္ခဟာ ပိုလို့သာဆိုးလာပါတော့တယ်။
ဒါကိုအစိုးရအနေနဲ့ပြေလည်အောင်မဖြေရှင်းနိုင်ဘဲ ရွာသားတွေနဲ့ပျောက်ကျားအဖွဲ့၀င်တွေကို ရှာဖွေဖမ်းဆီးဒဏ်ခတ်အရေးယူမှုတွေလုပ်လာတဲ့အခါမှာတော့….။
ဇာတ်လမ်းဇာတ်ကွက်ကို စိတ်ကူးနဲ့ဖန်တီးထားပေမယ့် အဓိဇာတ်ကောင် ဗာသီယာကတော့ အပြင်မှာတကယ်ရှိခဲ့ဖူးတဲ့သူကို မှီငြမ်းပြီးရိုက်ကူးထားတာကြောင့်
realistic ပိုဆန်တဲ့အရသာတွေကို ခံစားရမှာပါ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (1080p) | 2.5 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (720p) | 1.2 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (1080p) | 2.5 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (720p) | 1.2 GB | Download ဆွဲရန်နှိပ်ပါ |