Stream ကြည့်မရပါက VPN ချိတ်ပြီး ကြည့်ပေးပါ။ VPN ချိတ်ထားလျက် အဆင်မပြေပါက (မနက် ၆:၃၀) တွင် ပြန်ကြည့်ပါ (သို့မဟုတ်) Download ရယူ၍ ကြည့်ရှုနိုင်ပါသည်။
Website ကို Support ပေးလိုပါက Download မဆွဲလျှင်တောင် Download Link ကို နှိပ်ပြီး (ကြော်ငြာဝင်ကြည့်ပေးခြင်းဖြင့်) ကူညီပေးနိုင်ပါတယ်ခင်ဗျာ။ ❤️



Review

ဒီဂျပန်ကာတွန်းကားလေးကတော့ ထူးခြားဆန်းပြားတဲ့ သပွတ်အူဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် အထူးပဲ သင့်တော်ပါတယ်။



ပြီးတော့ Promise Neverland တို့၊ Attack on Titan (AOT) တို့လိုမျိုး ခံစားချက်မျိုးကိုလည်း နည်းနည်းပါးပါး ရစေနိုင်ပါတယ်။ (လုံးဝတူတယ်လို့တော့ မဆိုလိုပါဘူးနော်။ တံတိုင်းတွေနဲ့ ကာရံထားတဲ့ အနေအထားတို့၊ ကလေးတွေကို သင်ကြားပေးနေတဲ့ ပုံစံမျိုးတွေမှာ အနည်းငယ် ဆင်တူတာမျိုး ရှိနိုင်ပါတယ်။)



နောက်ပြီး ဇာတ်လမ်းရဲ့ အစပိုင်းအခန်းတွေမှာ လူသူကင်းမဲ့ပြီး ပျက်စီးနေတဲ့ မြို့ကြီးထဲမှာ နှစ်ယောက်တည်း လျှောက်သွားနေတဲ့ မြင်ကွင်းတွေကလည်း The Last of Us လို ဂိမ်းမျိုးကိုတောင် ပြေးမြင်မိစေနိုင်ပါတယ်။ ဒီစိတ်ဝင်စားစရာကောင်းတဲ့ မူရင်း မန်ဂါး (ရုပ်ပြ) ကိုတော့ ဆရာ Masakazu Ishiguro က ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တာပါ။ လက်ရှိအချိန်အထိ အတွဲ (Volume) ၈ အထိ ထွက်ရှိထားပြီး ဆက်လက်ပြီးလည်း ထွက်ရှိနေဦးမှာပါ။



Anime (ကာတွန်းရုပ်ရှင်) အနေနဲ့ ထွက်ရှိထားတဲ့ ဇာတ်လမ်းအကြောင်းကို ပြောရမယ်ဆိုရင်တော့...



ကြီးမားတဲ့ ပျက်စီးခြင်း ကပ်ဆိုးကြီးတစ်ခု ဖြစ်ပွားပြီးတဲ့နောက်မှာ တံတိုင်းတွေနဲ့ ပတ်လည်ကာရံထားတဲ့ ကျောင်းတော်ကြီးတစ်ခုမှာ နေထိုင်တဲ့ Mimihime လို့ခေါ်တဲ့ ကောင်မလေးဟာ ထူးထူးခြားခြား တံတိုင်းရဲ့ အပြင်ဘက်မှာ နောက်ထပ် ကမ္ဘာတစ်ခု ရှိနေတယ်ဆိုတာကို ရိပ်မိလာခဲ့ပါတယ်။



တစ်ချိန်တည်းမှာပဲ Tokio လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်ဟာလည်း အတန်းစာမေးပွဲ ဖြေနေတုန်းမှာ "အပြင်ရဲ့ အပြင်ကို ထွက်ကြည့်ချင်လား" ဆိုတဲ့ စာတစ်စောင် ရောက်လာခဲ့ပါတယ်။



အပြင်ဆိုတာ တကယ်ရော ရှိလားလို့ ကျောင်းရဲ့ ညွှန်ကြားရေးမှူးချုပ်ကို မေးကြည့်လိုက်တဲ့အခါမှာတော့ "အပြင်လောကဆိုတာ တကယ်ရှိပါတယ်။ ဒါပေမဲ့ အလွန်တရာ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ မကောင်းဆိုးဝါးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။



အပြင်ဘက်ကမ္ဘာမှာတော့ Tokio နဲ့ ရုပ်ချင်း တူညီတဲ့ Maru လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ Kiruko လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ်ရံတော်အဖြစ် ငှားရမ်းပြီး "ကောင်းကင်ဘုံ" ဆိုတဲ့ နေရာကို လိုက်လံရှာဖွေနေပါတယ်။



Maru ဆီမှာလည်း ထူးဆန်းတဲ့ ဆေးထိုးအပ်တစ်ခုနဲ့ ဆေးတစ်မျိုး ပါရှိနေပြီး Maru နဲ့ ရုပ်ရည်တူတဲ့ လူတစ်ယောက်ကို တွေ့တာနဲ့ ချက်ချင်း ထိုးပေးဖို့အတွက် ညွှန်ကြားခံထားရပါတယ်။



အဲ့ဒီလိုနဲ့ ပျက်စီးနေတဲ့ မြို့ကြီးတွေကို ဖြတ်သန်းပြီး ခရီးထွက်လာရင်းနဲ့ ထူးခြားဆန်းပြားတဲ့ တည်းခိုခန်းတစ်ခုကို ရောက်ရှိသွားတဲ့အခါမှာတော့.....



Spoiler Alert!



သိမ်းငှက်သူရဲကောင်း သိုင်းကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဂူးဂူးနဲ့ သစ်ပင်အောက်က ဇာတ်ဝင်ခန်းမျိုးလို အသည်းထိတ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းမျိုးလည်း နောက်ပိုင်းမှာ ပါဝင်လာပါတယ်။ ဒါကြောင့် အသည်းမခိုင်တဲ့သူတွေ ကြည့်မိမှာ စိုးရိမ်လို့ ကြိုတင် သတိပေးလိုက်တာနော် 😉


သတိပြုရန်! Link မနှိပ်မီ VPN ချိတ်ထားမှသာ Download ရယူရာတွင် အဆင်ပြေပါလိမ့်မယ်။
အဆင့် (၁) - မိမိ Download ရယူလိုသော 4K / 1080p / 720p ဘေးနားရှိ "Server-01" (သို့မဟုတ်) "Server-02" စာသားကို နှိပ်ပါ။
အဆင့် (၂) - နောက်စာမျက်နှာရောက်လျှင် 7 စက္ကန့်ခန့် စောင့်ပေးပါ။ (ကြော်ငြာဝင်လာလျှင် ပိတ်ပေးပါ)
အဆင့် (၃) - "လင့်ခ် ရပါပြီ!" ဆိုတဲ့ စာသားပေါ်လာရင် အောက်က "ဒေါင်းလုဒ် ရယူရန် နှိပ်ပါ" ခလုတ်အနီရောင်ကို နှိပ်ပြီး ဇာတ်ကားကို ရယူနိုင်ပါပြီ။
မှတ်ချက် - ခလုတ်နှိပ်လိုက်ပြီး ကြော်ငြာ Page သို့ ရောက်သွားပါက Back ပြန်ဆုတ်ပြီး ခလုတ်ကို နောက်တစ်ကြိမ် ထပ်နှိပ်ပေးပါ။

Seasons and Episodes

Episode 1 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
312MB
2
312MB
Episode 2 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
273MB
2
273MB
Episode 3 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
370MB
2
370MB
Episode 4 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
316MB
2
316MB
Episode 5 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
270MB
2
270MB
Episode 6 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
306MB
2
306MB
Episode 7 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
297MB
2
297MB
Episode 8 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
269MB
2
269MB
Episode 9 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
328MB
2
328MB
Episode 10 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
342MB
2
342MB
Episode 11 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
283MB
2
283MB
Episode 12 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
300MB
2
300MB
Episode 13 (End) 23 min • 2026-01-04

Download Links:

No
Server
Size
Resolution
1
317MB
2
317MB