Review
ပရိသတ်အပေါင်းတို့ စောင့်မျှော်နေကြတဲ့ စုံထောက်ကြီး ဒီးရန်ကျယ်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ အမှုသစ်ကြီး ရောက်ရှိလာပါပြီ။
ယန်ကျိုးမြို့တော်မှာ ထိတ်လန့်ဖွယ် လူသတ်မှုတွေ ဆက်တိုက်ပေါ်ပေါက်လာတဲ့အတွက် မြို့တော်အစိုးရဟာ စုံထောက်ကြီးဒီးကို အကူအညီတောင်းခံလိုက်ရပါတယ်။ တွေ့ရှိရတဲ့ အလောင်း (၇) လောင်းဟာ ယဇ်နတ်ပူဇော်မှု ပုံစံမျိုး အနုစိတ်ပြင်ဆင်ထားပြီး ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံထားရတာပဲ ဖြစ်ပါတယ်။ ရှုပ်ထွေးလွန်းလှတဲ့ သဲလွန်စတွေကြောင့် စုံထောက်ကြီး ဒီးရန်ကျယ်ဟာ သတ်မှတ်ထားတဲ့အချိန်အတွင်း အမှုမှန်ပေါ်ပေါက်ဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
တစ်ခုချင်းစီသော အလောင်းတိုင်းက ဖော်ပြနေတဲ့ နက်နဲတဲ့အဓိပ္ပာယ်တွေကြားကနေ သဲလွန်စတွေကို ခြေရာခံရင်း စုံထောက်ကြီးရဲ့ စုံစမ်းမှုတွေဟာ ဆယ်စုနှစ်တစ်ခုကျော်က ဖြစ်ပျက်ခဲ့ဖူးတဲ့ အမှုဟောင်းကြီးတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။ တစ်ခုပြီးတစ်ခု စိတ်ဝင်စားစရာကောင်းအောင် ပေါ်ထွက်လာမယ့် လျှို့ဝှက်ချက်တွေ၊ လှည့်ကွက်ပေါင်းများစွာနဲ့အတူ စုံထောက်ကြီးဒီးရဲ့ ထူးခြားပြောင်မြောက်တဲ့ အမှုလိုက်စွမ်းရည်တွေကို ဒီဇာတ်ကားထဲမှာ အပြည့်အဝ ရှုစားလိုက်ရအောင်နော်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
| Name Quality | Download Link Size | Download Links |
|---|---|---|
| mediafire (1080p) | 1.2 GB | Download ဆွဲရန်နှိပ်ပါ |
| mediafire (720p) | 661 MB | Download ဆွဲရန်နှိပ်ပါ |
| Google Drive (1080p) | 1.2 GB | Download ဆွဲရန်နှိပ်ပါ |
| Google Drive (720p) | 661 MB | Download ဆွဲရန်နှိပ်ပါ |