Review

ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ IMDb rating ၈ အထိ ရရှိထားတဲ့ ဟင်ဒီ (Hindi) ဒရာမာ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့...

ဂူဒူး ဆိုတဲ့ ကလေးတစ်ယောက်ဟာ ကျောင်းနေရမယ့်အရွယ်မှာ လက်ဖက်ရည်ပို့တဲ့အလုပ်နဲ့ မိသားစုစားရိတ်ကို ရှာဖွေနေရသူပါ။ သူ့အဖေကတော့ အရက်ဖြတ်မရဘဲ ပိုက်ဆံတွေ အကုန်ဖြုန်းတတ်သူပါ။ ဂူဒူးဟာ ဂီတကိုတော့ အရူးအမူးဝါသနာပါပြီး အသံတွေကို အမြဲနားထောင်တတ်သလို ကိုယ်ပိုင်သံစဉ်တွေကိုလည်း စိတ်ကူးနဲ့ ဖန်တီးနေတတ်သူပါ။

တစ်နေ့မှာတော့ ဂီတဝါသနာပါတဲ့ ဂူဒူးဟာ တီးဝိုင်းအဖွဲ့တစ်ခုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ သူ့ဝါသနာကို ကြိုးစားလေ့လာဖို့ အခွင့်အရေးကောင်းဖြစ်သလို၊ တောက်တိုမယ်ရ ကူညီလုပ်ကိုင်ပေးရင်း ဝင်ငွေလေးလည်း ရနိုင်မယ်လို့ ယူဆခဲ့တာကြောင့် အလုပ်တောင်းခဲ့ပါတယ်။ အလုပ်လာဆင်းဖို့ ခေါ်တဲ့အခါ ဂူဒူးတစ်ယောက် ပျော်လိုက်တာ ပြောမနေပါနဲ့တော့။ 

လက်ဖက်ရည်ဆိုင်က အလုပ်ကိုပါ ထွက်ပြီး တီးဝိုင်းအဖွဲ့ဆီ အရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကို နောက်ပြောင်ခဲ့တာပါဆိုတဲ့ စကားကြောင့် ဂူဒူးခဗျာ ဒုက္ခရောက်ပါတော့တယ်။

ဂူဒူးတစ်ယောက် အိမ်ဝင်ငွေလေး ဆက်ရှာနိုင်ပါ့မလား၊ သူဖြစ်ချင်တဲ့ ဂီတပညာရှင်ကြီးတစ်ယောက်ရော ဖြစ်လာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးနော်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (HD) 1.1 GB Download ဆွဲရန်နှိပ်ပါ
Google Drive (HD) 1.1 GB Download ဆွဲရန်နှိပ်ပါ
pcloud (HD) 1.1 GB Download ဆွဲရန်နှိပ်ပါ