Review
Studio Ghibli ရဲ့ အံ့မခန်းလက်ရာတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တကယ်တော့ မိတ်ဆက်တယ်ဆိုတာထက် "Spirited Away" လို့ ပြောလိုက်တာနဲ့ Otaku တော်တော်များများ ကြည့်ဖူးကြပြီးသား ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီကားလေးက ကောင်းလွန်း၊ ကြိုက်လွန်းလို့ မရေးဘဲ မနေနိုင်တာကြောင့် ဒီပို့စ်လေးကို ရေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာ ၁၀ နှစ်အရွယ် Chihiro ဟာ မိဘနှစ်ပါးနဲ့အတူ မြို့သစ်တစ်ခုကို အိမ်ပြောင်းဖို့ ခရီးထွက်လာခဲ့ပါတယ်။ တောလမ်းခရီး တစ်နေရာမှာ ကြီးမားတဲ့ လိုဏ်ခေါင်းကြီးတစ်ခုကို တွေ့တော့ Chihiro ရဲ့ မိဘတွေက ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လိုဏ်ဂူထဲ ဝင်ကြည့်ဖို့ စိတ်မပါပေမဲ့ ကားပေါ်မှာ တစ်ယောက်တည်း နေဖို့ကြောက်တဲ့ Chihiro လည်း မိဘတွေနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။
လိုဏ်ခေါင်းရဲ့ တစ်ဖက်ခြမ်းမှာတော့ ပျက်စီးနေပြီဖြစ်တဲ့ theme park ကြီးတစ်ခုကို တွေ့ကြရပါတယ်။ Park ထဲမှာ လျှောက်သွားရင်း တစ်နေရာအရောက်မှာ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားတဲ့ စားစရာတွေကို တွေ့တော့ Chihiro ရဲ့မိဘတွေ မနေနိုင်ဘဲ စားမိပါတော့တယ်။ Chihiro ကတော့ စားချင်စိတ်မရှိတာကြောင့် မစားဘဲ ဆက်လျှောက်သွားနေခဲ့ပါတယ်။
လျှောက်ရင်းလျှောက်ရင်းနဲ့ ကြီးမားလှတဲ့ ရေချိုးအိမ် (Bath House) ကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။ Bath House ကြီးကို အံ့ဩတကြီး မော့ကြည့်နေတုန်း ရုတ်တရက် မျက်လုံးအစိမ်းရောင်နဲ့ ကောင်လေးတစ်ယောက် Chihiro နား ရောက်လာပြီး "မင်း ဒီမှာမရှိသင့်ဘူး။ အခုချက်ချင်း ထွက်သွား။ ညရောက်တော့မယ်။ မမှောင်ခင် အမြန်ဆုံးထွက်" လို့ သတိပေးလိုက်ပါတယ်။ သူ့စကားတွေ မပြီးခင်မှာပဲ အနီးအနားက အိမ်တွေမှာ မီးတွေ လင်းလာပါပြီ။ ကောင်လေးရဲ့ စကားတွေကို Chihiro နားမလည်နိုင်ပေမဲ့ သူ့ရဲ့ တွန်းထုတ်မှုကြောင့် ကြောက်လန့်တကြားနဲ့ မိဘတွေရှိရာကို ပြန်ပြေးထွက်သွားခဲ့ပါတယ်။
ဒါပေမဲ့ သူမရဲ့ မိဘတွေကို မြင်လိုက်ရတဲ့အခါ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်သွားပါတော့တယ်။ Chihiro တစ်ယောက် "Spirit World" (ဝိညာဉ်လောက) မှာ ပိတ်မိသွားခဲ့ပါပြီ။ အဖြစ်ဆိုးကြုံရတဲ့ သူမရဲ့ မိဘတွေကိုလည်း ကယ်တင်ရဦးမှာပါ။ ဒီလို ဝိညာဉ်လောကကြီးထဲမှာ ၁၀ နှစ်သမီးလေး Chihiro တစ်ယောက် အသက်ရှင်ရပ်တည်ပြီး လူ့လောကကို ပြန်လည်လွတ်မြောက်အောင် လုပ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
ပြောခဲ့တဲ့အတိုင်းပါပဲ၊ Spirited Away ဟာ Studio Ghibli ရဲ့ လက်ရာမြောက် ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ "Kiki's Delivery Service"၊ "My Neighbor Totoro"၊ "Whisper of the Heart" စတဲ့ နာမည်ကြီး Anime ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Hayao Miyazaki ရဲ့ ဖန်တီးမှုတစ်ခုလည်း ဖြစ်ပါတယ်။
"Spirited Away" ဟာ Studio Ghibli ကို ကြီးမားတဲ့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၁ ခုနှစ်မှာ Walt Disney Pictures က English adaptation ထုတ်ဝေပြီးနောက် ၂၀၀၂ ခုနှစ်မှာ Golden Bear နဲ့ Best Animated Feature Award တို့ကို ဆွတ်ခူးနိုင်ခဲ့လို့ပါပဲ။ ဒါဟာ English speaking world ရဲ့အပြင်ကနေ ဒီလိုဆုမျိုးကို ရရှိခဲ့တဲ့ တစ်ခုတည်းသော ကာတွန်းရုပ်ရှင် ဖြစ်ခဲ့ပါတယ်။
နာမည်ကြီးသလောက် ကြည့်ဖို့ထိုက်တန်တဲ့ ဒီ Anime ဇာတ်ကားကောင်းလေးကို မတော်တဆ မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
| Name Quality | Download Link Size | Download Links |
|---|---|---|
| mediafire (1080p) | 1.8 GB | Download ဆွဲရန်နှိပ်ပါ |
| mediafire (720p) | 653 MB | Download ဆွဲရန်နှိပ်ပါ |
| Google Drive (1080p) | 1.8 GB | Download ဆွဲရန်နှိပ်ပါ |
| Google Drive (720p) | 653 MB | Download ဆွဲရန်နှိပ်ပါ |
| pcloud (1080p) | 1.8 GB | Download ဆွဲရန်နှိပ်ပါ |
| pcloud (720p) | 653 MB | Download ဆွဲရန်နှိပ်ပါ |