
Review
ချစ်ပရိသတ်တို့အတွက် Great Illusionist Part 2 ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားက Part 1 နဲ့ ဇာတ်လမ်း လုံးဝချိတ်ဆက်နေတာမျိုး မဟုတ်ပေမဲ့ Part 1 လိုပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်
လုံစုန်အရာရှိတစ်ယောက် ထူးခြားတဲ့ လူသေမှုတွေကို ရင်ဆိုင်ရပါတော့တယ်။ သူဟာ ဖြည်းဖြည်းချင်း ရှာဖွေစစ်ဆေးရင်းနဲ့ ထူးခြားစွာ သေဆုံးသူ ၃ ယောက်စလုံးရဲ့ တူညီတဲ့သဲလွန်စကို ရရှိခဲ့ပါတယ်။
အဲ့ဒီသဲလွန်စကတော့ သေဆုံးသူ ၃ ယောက်လုံးဟာ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းနေဖက်တွေ ဖြစ်ခဲ့ကြပြီး လွန်ခဲ့တဲ့ ၄ နှစ်က အကြောင်းမဲ့ ကျောင်းနားခဲ့ကြတယ် ဆိုတာပါပဲ။ သေဆုံးသူ ၃ ယောက်လုံးဟာ ကျောင်းနားတာတင်မကဘဲ မိသားစုကျောထောက်နောက်ခံကောင်းပြီး ငွေကြေးကြွယ်ဝသလို အာဏာပါရှိတဲ့ မိသားစုက ဆိုတာ သိခဲ့ရတဲ့အခါ ဒါဟာ သွေးရိုးသားရိုး မဟုတ်မှန်း သဘောပေါက်ပြီး သေချာစုံစမ်းတဲ့အခါမှာတော့ လွန်ခဲ့တဲ့ ၄ နှစ်က မတော်တဆမှုတစ်ခု နဲ့ပါ ချိတ်ဆက်မိလာခဲ့ပါတယ်။
ဒီကားထဲမှာ ကျွန်တော် အကြိုက်ဆုံး ဒိုင်ယာလော့လေးတစ်ခုကတော့ “ဒီလောကမှာ ငွေရှိတဲ့သူက သက်ဆိုးရှည်ပြီး မရှိတဲ့သူက သေသင့်တာလား” ဆိုတာပါပဲ။ Great Illusionist Part 1 တုန်းကလိုပဲ ဇာတ်လမ်းအစကတည်းက အဆုံးထိ တဖြည်းဖြည်းချင်း ဆွဲခေါ်သွားတာမို့ ထူးခြားဆန်းပြားဖွယ် ဇာတ်ကားကောင်း လေး ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတွေထဲက တစ်ကားပါလို့ ပြောပါရစေ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (1080p) | 835 MB | Download ဆွဲရန်နှိပ်ပါ |
mediafire (480p) | 523 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (1080p) | 835 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (480p) | 523 MB | Download ဆွဲရန်နှိပ်ပါ |
pcloud (1080p) | 835 MB | Download ဆွဲရန်နှိပ်ပါ |
pcloud (480p) | 523 MB | Download ဆွဲရန်နှိပ်ပါ |