Review

စူပါပါဝါတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Biography of the Mutants ရုပ်ရှင်တွဲ(၆)ကားထဲက ပထမဆုံးကားဖြစ်တဲ့ The Heart of Pangu ကိုတင်ဆက်ပေးလိုက်ပါတယ်။လျန်ရှဆိုတဲ့အစွမ်းရှင်အဖွဲ့အစည်းတစ်ခုဟာ အစွမ်းရှင်နိုင်ငံတစ်ခုကိုတည်ထောင်ဖို့ကြံစည်နေကြပါတယ်။

လျန်ရှခေါင်းဆောင်ကျားလုံလော်လောကကြီးကိုအုပ်စိုးနိုင်လောက်တဲ့အစွမ်းရဖို့အတွက် ဒဏ္ဍာရီထဲကဖန်ဂူနှလုံးကိုရှာဖွေနေပါတယ်။ထျန်းကျူးယန့်၊ လျဲ့ နဲ့ ယန်လျိုရှားတို့ဟာအစွမ်းရှင်ကြေးစားမုဆိုးတွေဖြစ်ကြတယ်။

တစ်ခါမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း မထင်မှတ်ပဲကျန်းလျိုအာဆိုတဲ့ ကိုရင်လေးတစ်ပါးကိုကောက်ရခဲ့ပါတယ်။ သူတို့(၃)ယောက်ဟာ ကိုရင်လေးကို သူတို့ရဲ့အလုပ်ရှင်ဟုန်ရှောင်းစံအိမ်သခင်ဆီပြန်ခေါ်လာခဲ့ရာ မထင်ထားတာက ဒီကိုရင်လေးကိုယ်ထဲမှာ ဖန်ဂူနှလုံးရှိနေတယ်ဆိုတာပါပဲ။

စံအိမ်သခင်က သူတို့(၃)ယောက်ကို မက်လောက်တဲ့ဆုကြေးတွေနဲ့ကိုရင်လေးကိုယ်ထဲကဖန်ဂူနှလုံးကိုထုတ်ဖို့ ရှာဖွေတဲ့ခရီးကိုစလိုက်ကြပါတယ်။ 

ဖန်ဂူနှလုံးဟာအစွမ်းအရမ်းကြီးတဲ့အတွက် မထိန်းချုပ်နိုင်ရင် ကိုရင်လေးသေသွားနိုင်ပြီးတော့ ကိုရင်လေးသေသွားရင်လဲ ဖန်ဂူနှလုံးဆိုတဲ့စွမ်းအားရတနာကြီးကပျောက်ဆုံးသွားမှာဖြစ်တဲ့အတွက် ဒီခက်ခဲတဲ့တာဝန်ကိုသူတို့ဟာဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်.
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (1080p) 1.1 GB Download ဆွဲရန်နှိပ်ပါ
mediafire (720p) 576 MB Download ဆွဲရန်နှိပ်ပါ
Google Drive (1080p) 1.1 GB Download ဆွဲရန်နှိပ်ပါ
Google Drive (720p) 576 MB Download ဆွဲရန်နှိပ်ပါ