
Review
ဒီ Horror ကားက Rating မြင့်တဲ့အတိုင်း ကြည့်ဖူးသူတိုင်းလဲ အသည်းစွဲရတဲ့ ကြောက်စရာဇာတ်ကားတကားပါပဲ။
ဒီဇာတ်ကားကို ဒါရိုက်တာ Neil Marshall ရိုက်ကူးထားပြီး 2005 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်
The Descent ရဲ့အဓိပ္ပါယ်က ” ဆင်းသက်ခြင်း ” ဖြစ်ပေမယ့်
” သက်ဆင်းခြင်း ” လို့ပြောမှ ပိုမှန်မယ် ထင်မိပါတယ်
အန္တရာယ်တောထဲ သက်ဆင်းမိပြီး ထောင်ချောက်အတွင်း သက်ဆင်းမိကြတဲ့ အမျိုးသမီးတစ်စုအကြောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ် ရိုက်ကူးတင်ပြထားတာပါ
စွန့်စွန့်စားစားခရီးတွေကို ခုံမင်ကြတဲ့ အမျိုးသမီး ၆ ယောက်ဟာ လူမရောက်ဖူးသေးတဲ့ လှိုဏ်ဂူတစ်ခုထဲ ဆင်းသက်ဝင်ရောက်ခဲ့ကြပါတယ်
ဂူနံရံတွေမှာ ဆွဲထားတဲ့ ရုပ်ပုံတွေကို မြင်ရတဲ့အခါမှ
ဂူထဲမှာ သူတို့ချည်းပဲမဟုတ်ဘူးဆိုတာ သတိပြုမိခဲ့ကြပါတော့တယ်
အမှောင်ထဲမှာ နေထိုင်ကျက်စားကြတဲ့ အသားစားသတ္တဝာတွေဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှတော့….
Jump Scare အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ်
(သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့်နှလုံးမခိုင်သူများ မကြည့်ရှုသင့်ပါ။)
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (1080p) | 2.5 GB | Download ဆွဲရန်နှိပ်ပါ |
mediafire (720p) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (1080p) | 2.5 GB | Download ဆွဲရန်နှိပ်ပါ |
Google Drive (720p) | 1.1 GB | Download ဆွဲရန်နှိပ်ပါ |