Review
ခေတ်သစ် Zombie ရုပ်ရှင်ကမ္ဘာရဲ့ မှတ်တိုင်တစ်ခု
ဒါရိုက်တာ – Danny Boyle
ထွက်သည့်နှစ် – ၂၀၀၂
အဓိက သရုပ်ဆောင်များ - Cillian Murphy, Naomie Harris, Christopher Eccleston
28 Days Later ဟာ ရိုးရိုး zombie ဇာတ်ကားတွေနဲ့ မတူ တဲ့ ထူးခြားမှုတွေရှိနေပါတယ်
ဒါရိုက်တာ Danny Boyle ဟာ ဒီဇာတ်ကားကို Digital Video Camera တွေနဲ့ ရိုက်ကူးခဲ့ပြီး
London မြို့ကြီးရဲ့ လူသူကင်းမဲ့နေတဲ့ မြင်ကွင်းတွေကို ထိတ်လန့်စရာကောင်းလောက်အောင် ရိုက်ကူးပြသခဲ့တာပါ
ဇာတ်လမ်းအကျဉ်း
Jim (Cillian Murphy) ဆိုတဲ့ courier တစ်ယောက်ဟာ ဆေးရုံမှာ ၂၈ ရက်ကြာ Coma နေရာကနေ နိုးလာတဲ့အခါ London မြို့ကြီး လူသူကင်းမဲ့နေတာကို တွေ့ရှိရပါတယ်။
“Rage virus” ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် လူတွေ အကြမ်းဖက်သတ္တဝါတွေဖြစ်ကုန်ကြတာကို တွေ့လိုက်ရတဲ့ အခါမှာ
Jim ဟာ Selena (Naomie Harris)၊ Frank (Brendan Gleeson) နဲ့ Hannah (Megan Burns) တို့နဲ့ တွေ့ဆုံပြီး အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရပါတော့တယ်
ထူးခြားချက်များ
ဒီဇာတ်ကားမှာပါတဲ့ infected တွေဟာ ရိုးရိုး zombie တွေလို နှေးကွေးစွာ မလှုပ်ရှားဘဲ အလွန်မြန်ဆန်ပြီး ကြမ်းတမ်းကြပြီးတော့
Digital Video ကင်မရာသုံးထားတာကြောင့် ပိုမို realistic ဖြစ်စေပြီး documentary ပုံစံမျိုး ခံစားရမှာပါ
Post-apocalyptic London ရဲ့ ရိုက်ကွင်းတွေကို နာမည်ကြီး tourist နေရာတွေမှာ အစစ်အမှန် ရိုက်ကူးထားပါတယ်။
သရုပ်ဆောင်များအကြောင်း
Cillian Murphy ရဲ့ Jim ဇာတ်ရုပ်က ရိုးသားပြီး လူသားဆန်တဲ့ ဇာတ်ရုပ်ကို အထာကျကျ သရုပ်ဆောင်ထားပြီးNaomie Harris ကလည်း သူ့ရဲ့ ခက်ထန်ပြီး အသက်ရှင်ရပ်တည်ရေးကို ဦးစားပေးတဲ့ Selena ဇာတ်ရုပ်နဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒါရိုက်တာအကြောင်း
Danny Boyle ဟာ Trainspotting၊ Slumdog Millionaire လို နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဖြစ်ပြီး
ဒီဇာတ်ကားမှာလည်း သူ့ရဲ့ ထူးခြားတဲ့ ရိုက်ကူးမှုပုံစံတွေကို တွေ့မြင်ရမှာပါ
ဥပမာ – handheld camera techniques တွေ၊ အရောင်အသွေး ပြုပြင်မှုတွေနဲ့ တီးလုံးအသုံးပြုပုံတွေဟာဇာတ်လမ်းရဲ့ စိတ်ဖိစီးမှုနဲ့ တင်းမာမှုတွေကို ပိုမိုထင်ဟပ်စေပါတယ်။
28 Days Later ဟာ zombie genre ထဲမှာ မှတ်တိုင်ထူနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
လူသားတွေရဲ့ survival instinct၊ လူ့အဖွဲ့အစည်းပြိုကွဲသွားတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို ထိထိမိမိ တင်ပြထားပါတယ်။
နောက်ပိုင်းထွက်ရှိလာတဲ့ zombie ဇာတ်ကားတွေအပေါ် လွှမ်းမိုးမှုရှိခဲ့ပြီး ခေတ်သစ် horror genre ကိုပြောင်းလဲစေခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
28 Days Later (2002), 28 Weeks Later (2007),28 Years Later (2025) ၃ ကားစလုံးကို တင်ထားပါပြီ။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
| Name Quality | Download Link Size | Download Links |
|---|---|---|
| mediafire (1080p) | 3.4 GB | Download ဆွဲရန်နှိပ်ပါ |
| mediafire (720p) | 1.4 GB | Download ဆွဲရန်နှိပ်ပါ |
| Google Drive (1080p) | 3.4 GB | Download ဆွဲရန်နှိပ်ပါ |
| Google Drive (720p) | 1.4 GB | Download ဆွဲရန်နှိပ်ပါ |