
Review
ပါပါစမက်ဖ်အုပ်ချုပ်တဲ့ စ မက်ဖ်ရွာလေးမှာ စမက်ဖက်တီ၊ ဘရိန်နီ၊ ကလမ်ဆီနဲ့ ဟက်ဖ်တီ တို့က အခင်ဆုံးသူငယ်ချင်းတွေ ပါ။
တစ်ရက်မှာတော့ စမက်ဖက် တီဟာ မြေပုံထဲမှာ တားမြစ်ကန့် သတ်ထားတဲ့ တောကြီးနဲ့ပတ် သက်ပြီး ရှာဖွေတွေ့ရှိခဲ့တာ ကြောင့်ပါပါစမက်ဖ်နဲ့ သူ့သူငယ် ချင်းတွေကို ပြောပြခဲ့ပါတယ်။
စည်းကမ်းတင်းကျပ်လွန်းပြီး အ စိုးရိမ်ကြီးတဲ့ ပါပါစမက်ဖ်က အဲဒီ တောကိုရှာဖို့ ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့လည်း တစ်ညမှာ တော့ စမက်ဖက်တီဟာ သူ အရမ်းစူးစမ်း ရှာဖွေချင်နေတဲ့ တောကြီးဆီကိုသွားဖို့စမက်ဖ် ရွာ ထဲကနေ ညဘက် တိတ်တဆိတ် ထွက်ခွာခဲ့ပါတယ်။
သူ့ သူငယ် ချင်းတွေဖြစ်တဲ့ ဘရိန်နီတို့လည်း အတူလိုက်လာတဲ့အတွက်လေး ဦးသား စွန့်စားခန်းခရီးစဉ်ကို ချီ တက်ခဲ့ကြပါတော့တယ်။
စမက်ဖ်တွေရဲ့ ရန်သူဖြစ်တဲ့ အကျင့်မကောင်းတဲ့ စုန်းကြီးဂါဂါ မဲကလည်း ထူးဆန်းတဲ့ စမက်ဖ် ရွာ ကို ရှှာဖွေနေတာပါ။ဂါဂါမဲက စမက်ဖ်လေးတွေကို အကုန်ဖမ်း ပြီး သူ့ရဲ့မှော်အတတ်တစ်ဖက် ကမ်းခပ်ဖို့အတွက် အသုံးချဖို့ ကြံစည်နေတာဖြစ်ပါတယ်။
စမက်ဖက်တီတို့ သူငယ် ချင်းတစ်သိုက်ဟာ မြေပုံအတိုင်း ထူးဆန်းတဲ့တောကြီးကို ရှာဖွေ တဲ့အခါမှာလမ်းခရီးတစ်လျှောက် ဒုက္ခသုက္ခတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက် ဆုံးမှာတော့အံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ ထူးဆန်းတဲ့ တော ကြီးဆီကို ရောက်သွားခဲ့ပါတယ်။
အဲဒီတောထဲမှာ လူရိုင်းတွေ ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့လူရိုင်းတွေ ဆိုတာကလည်း စမက်ဖက်တီတို့ လို စမက်ဖ််လေးတွေဆိုတာ သိခဲ့ ကာအချင်းချင်း ပြေလည်သွားခဲ့ ကြပါတယ်။
ထူးဆန်းတဲ့ တောဆီ ကို ဂါဂါမဲနဲ့ သူ့ကြောင်ကလည်း လိုက်လာတဲ့အတွက်စမက်ဖက် တီတို့ရယ်၊ တောထဲက စမက်ဖ် လေးတွေရယ် အတူတူတိုက်ခိုက် ကြပါတော့တယ်။
ပါပါစမက်ဖ်က ထူးဆန်းတဲ့ တောနဲ့ပတ်သက်ပြီး ဘာကြောင့် ဖုံးကွယ်ထားချင်တာလဲ၊စမက် ဖက်တီတို့တွေ ထူးဆန်းတဲ့တော ကို ဂါဂါမဲရန်က ဘယ်လို ကာ ကွယ်ကြမှာလဲဆိုတာဆက်ကြည့် ဖို့ အမြည်းလေးပေး လိုက်တယ် နော်။
ဒီဇာတ်ကားလေးမှာ အသံ သရုပ်ဆောင်ထားသူတွေက တော့ဒီမီလိုဗာတို၊ ရိန်းဝီလ်ဆင်၊ ဂျိုးမန်ဂန်နယ်လို၊ ဂျက်မက်ဘရေ ရာ၊ ဒန်နီပူဒီ၊ မန်ဒီပါတင်ကင် စသူတွေပဲ ဖြစ်ပါတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (720p) | 702 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (720p) | 702 MB | Download ဆွဲရန်နှိပ်ပါ |