Review

တစ်ချိန်က ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ Art of the Devil ရုပ်ရှင်စီးရီးထဲကမှ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Art of the Devil 1 ကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Horror နဲ့ Mystery အမျိုးအစားဖြစ်တာကြောင့် ထိတ်လန့်ရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့...

ဘွန်း ဆိုတဲ့ မိန်းကလေးတစ်ဦးဟာ အိမ်ထောင်ရှိ အမျိုးသား ပရာတန် နဲ့ ဖောက်ပြန်မိရာကနေ ကိုယ်ဝန်ရလာပါတယ်။ ဒီအခါမှာ ပရာတန်က ဘွန်းကို ပိုက်ဆံပေးပြီး နှုတ်ပိတ်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ယုတ်မာလှတဲ့ ပရာတန်က သူပေးလိုက်ရတဲ့ ငွေနဲ့ တန်အောင်ဆိုပြီး သူ့သူငယ်ချင်းတွေနဲ့ ဘွန်းကို အလှည့်ကျ ပေးအိပ်ခိုင်းပါတော့တယ်။ အုပ်စုဖွဲ့ အနိုင်ကျင့်ခံရပြီး ကိုယ်ဝန်ပါ ပျက်ကျသွားတဲ့ ဘွန်းတစ်ယောက် နောက်ဆုံးမှာတော့ သူ့အပေါ် အနိုင်ကျင့်ခဲ့တဲ့သူတွေကို လက်တုံ့ပြန်နိုင်ဖို့အတွက် အောက်လမ်းပညာ ကို အားကိုးပါတော့တယ်။

ပရာတန်နဲ့ သူ့သူငယ်ချင်းတွေအပါအဝင် သူ့မိသားစုကို ဘွန်း ဘယ်လိုမျိုး လက်စားချေသွားမလဲ။ အောက်လမ်းပညာကို သုံးပြီး လက်စားချေတာကရော အောင်မြင်ပါ့မလားဆိုတာကိုတော့ ဒီထိတ်လန့်ဖွယ် ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (HD) 3 GB Download ဆွဲရန်နှိပ်ပါ
mediafire (SD) 1 GB Download ဆွဲရန်နှိပ်ပါ
Google Drive (HD) 3 GB Download ဆွဲရန်နှိပ်ပါ
Google Drive (SD) 1 GB Download ဆွဲရန်နှိပ်ပါ