
Review
ဒီကားလေးကတော့မိသားစုအိန္ဒိယ comedyကားလေးဖြစ်ပါတယ် အကောင်းဆုံးဇာတ်ကားအဖြစ်နံပါတ်နှစ်နေရာမှဆုရထားတဲ့ကားလေးဖြစ်ပါတယ်..
ဒီကားလေးက အကောင်းဆုံးဇာတ်ကားဆု ရရှိထားတဲ့အပြင်၊ အကောင်းဆုံးဇာတ်ကြောင်းဆု နဲ့ ၂၅ ကြိမ်မြောက် Malayalam Cinema Today မှာလည်း ရွေးချယ်ခံထားရတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ ဗီဂျာရန် လို့ခေါ်တဲ့ မိသားစုအိမ်ထောင်ဦးစီးအဖေတစ်ယောက်အကြောင်းပါ။ ဗီဂျာရန်က သူ့ရဲ့သားသမီးတွေကို သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်၊ သူလိုချင်တဲ့ပုံစံအတိုင်း နေထိုင်အောင် ထိန်းချုပ်ချင်သူတစ်ယောက်ပါ။ အရာရာတိုင်းမှာ စည်းကမ်းကြီးလွန်းတဲ့ ဖခင်တစ်ဦးလည်း ဖြစ်ပါတယ်။
ဒါဆို ဗီဂျာရန်တစ်ယောက် သူ့သားသမီးတွေကို ဘယ်လိုပုံစံမျိုးနဲ့ ချုပ်ကိုင်သွားမလဲ။ သားသမီးတွေကရော ဖခင်ဖြစ်သူရဲ့ ဆန္ဒအတိုင်း လိုက်နာကြမလား၊ ဒါမှမဟုတ် သူတို့ရဲ့ကိုယ်ပိုင်လမ်းကို ရွေးချယ်ပြီး ပြန်လည်တွန်းလှန်ကြမလားဆိုတာကို ပေါ့ပေါ့ပါးပါး၊ ရယ်မောပျော်ရွှင်စရာ ဟာသအသွင်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ မိသားစုနဲ့အတူတူ အပန်းဖြေရင်း ရယ်မောရမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါကြောင်း။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality | Download Link Size | Download Links |
---|---|---|
mediafire (HD) | 928 MB | Download ဆွဲရန်နှိပ်ပါ |
mediafire (SD) | 391 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (HD) | 928 MB | Download ဆွဲရန်နှိပ်ပါ |
Google Drive (SD) | 391 MB | Download ဆွဲရန်နှိပ်ပါ |