Review

ပရိသတ်ကြီး တောင်းဆိုထားတဲ့အတိုင်း The Karate Kid Part II ကို တင်ဆက်ပေးလိုက်ပါတယ်။ ပထမကားကို ကြည့်ပြီးတဲ့သူတိုင်း မစ္စတာမီယာဂီရဲ့ "ခုခံဖို့သာ အဓိက" ဆိုတဲ့ ကရာတေးသဘောတရားကို ဒီကားထဲမှာလည်း ဆက်လက် မြင်တွေ့ရမှာဖြစ်ပေမဲ့ အနည်းငယ်တော့ ပြောင်းလဲလာတာကို သတိထားမိမှာပါ။

ဇာတ်လမ်းအကျဉ်း

ဒန်နီရယ်ဟာ ဗယ်လီဒေသပေါင်းစုံ ပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်ပြီး၊ ဂျွန်နီကတော့ ဒုတိယနဲ့ မကျေမနပ် ဖြစ်နေခဲ့ပါတယ်။ ဒန်နီရယ်နဲ့ ဂျွန်နီတို့ လုနေကြတဲ့ အယ်လီဆိုတဲ့ ကောင်မလေးကလည်း ဘောလုံးသမားတစ်ယောက်နဲ့ ကြိုက်သွားတော့ ဒန်နီရယ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတော့တယ်။
ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိုကီနာဝါ ကနေ မစ္စတာမီယာဂီနာမည်နဲ့ စာတစ်စောင် ရောက်လာပါတယ်။ အဲဒီစာထဲမှာ မစ္စတာမီယာဂီရဲ့ အဖေ အသည်းအသန်ဖြစ်နေတဲ့အကြောင်း ရေးထားတာကြောင့် မစ္စတာမီယာဂီလည်း အိုကီနာဝါကို ပြန်ဖို့ စီစဉ်ရပါတော့တယ်။ ဒန်နီရယ်ကလည်း သူ့အမေနဲ့ ဖရန်စစ္စကိုကို မလိုက်ချင်တာနဲ့ပဲ သူ့ငွေစုအကောင့်ထဲက ပိုက်ဆံတွေ အကုန်ထုတ်ပြီး မစ္စတာမီယာဂီနဲ့အတူ အိုကီနာဝါအထိ လိုက်ခဲ့ပါတော့တယ်။

ဒီဇာတ်ကားရဲ့ ဇာတ်အိမ်ကတော့ ဂျပန်နိုင်ငံ၊ အိုကီနာဝါမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတွေကို ရိုက်ကူးထားတာပါ။ လေယာဉ်ပေါ်က ဆင်းဆင်းချင်း ဒန်နီရယ်တို့ကို ချိုဇန် က လာကြိုပြီး ဇာတ်လမ်းက အဲဒီကနေ စတင်ခဲ့တာပါ။

ဒန်နီရယ်တို့ ရောက်လာတာကို ချိုဇန်က ဘယ်လိုသိပြီး ဘာလို့လာကြိုတာလဲ။ မစ္စတာမီယာဂီကရော ဘာလို့ အိုကီနာဝါကနေ ထွက်ခွာလာခဲ့ရတာလဲ။ သူထွက်သွားပြီး ၄၅ နှစ်အကြာမှာ အိုကီနာဝါက ဘယ်လိုပြောင်းလဲသွားပြီလဲ။ ဒန်နီရယ်ရော ဂျပန်မှာ ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

မှတ်ချက်- ဂျပန်မှာ ၁၉၈၆ ခုနှစ်ကတည်းက လုရင်ဖေး (ဂူဂူး) လိုမျိုး ချောမောပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးတစ်ဦးကို ဒီကားထဲမှာ ကြည့်ရှုရမှာပါ။ သူ့ရဲ့အလှတရားနဲ့တင် ဒီကားက တန်နေပြီလို့ ပြောလို့ရလောက်အောင်ကို ချစ်စရာကောင်းပါတယ်။ ဒီကားထဲမှာတော့ သူ့နာမည်က ကူမီကို ပါ။ နာမည်ရင်းကတော့ တမ်လင်း တိုမီတာ ပါ (ဂျပန်-အမေရိကန်-ဖိလစ်ပိုင်) စပ်လေး ဖြစ်ပါတယ်။ သူ့ကို ဆက်ပြီး ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ Avatar: The Last Airbender ကို စောင့်ကြည့်လို့ရသလို၊ ဂိမ်းဇာတ်ကောင်အနေနဲ့ ဆော့ချင်ရင်လည်း James Bond 007: Nightfire မှာ Makiko Hayashi ဇာတ်ကောင်အနေနဲ့ ဆော့လို့ရပါသေးတယ်။
Download ဆွဲမယ်ဆိုရင် တစ်ချို့ Download Link တွေက VPN ချိတ်ဖို့လိုပါတယ်
Name Quality Download Link Size Download Links
mediafire (1080p) 2.5 GB Download ဆွဲရန်နှိပ်ပါ
mediafire (720p) 1.3 GB Download ဆွဲရန်နှိပ်ပါ
Google Drive (1080p) 2.5 GB Download ဆွဲရန်နှိပ်ပါ
Google Drive (720p) 1.3 GB Download ဆွဲရန်နှိပ်ပါ